ပျောက်​ဆုံး​နေသူ တရိန်း​ကျေးရွာသား ၂ ဦးအနက်​ ၁ ဦးအား​သေဆုံးလျက်​ပြန်​လည်​​တွေ့ရှိပြီးမြို့သူကြီးကျေးရွာသား ၁ ဦးအသတ်ခံရ


ဇွန်​၂၅၊၂၀၁၇

မောင်​​တောမြို့နယ်​ ကြိမ်​​ချောင်း​ကျေးရွာအုပ်​စု တရိန်း​ကျေးရွာ​နေ ​ဒေသခံရွာသား ၄ ဦးသည်​ ဇွန်​ ၂၄ ရက်​နံနက်​ပိုင်းက လိပ်​ရှာသွားရာမှအပြန်​ အကြမ်းဖက်​သမားများက ဓားဖြင့်​ဝိုင်းဝန်းခုတ်​မှုဖြစ်​ပွားခဲ့သည်​။

ဖြစ်​စဉ်​မှာ တရိန်း​ကျေးရွာ​နေ ဦးစံသာ ၃၃ နှစ်​၊ဦးကျန်​သိန်း​အောင်​ ၂၈ နှစ်​၊​ဦး​အောင်​​ကျော်​ ၅၀နှစ်​ နှင့်​ဦးကိုကိုသိန်း ၃၉ နှစ်​တို့ သည်​ဇွန်​ ၂၄ နံနက်​ ၁၀နာရီတွင်​ ကျွန်း​ပေါက်​စု​ကျေးရွာအုပ်​စုမှအပြန်​ ​ရေကန်​​ဟောင်းအနီး၌ လိပ်​ရှာ​ဖွေ​နေစဉ်​ အမည်​မသိ အကြမ်းဖက်​သမား ၈ ဦး​ရောက်​ရှိလာပြီး လုံး​ထွေးသတ်​ပုတ်​မှုဖြစ်​ပွားခဲ့သည်​။

ထိုသို့ဖြစ်​​နေစဉ်​ အကြမ်းဖက်​သမားများထပ်​မံ​ရောက်​လာသဖြင့်​ ဦး​အောင်​​ကျော်​ပါ ၄ ဦးသည်​ သာယာကုန်း​ကျေးရွာဘက်​သို့ထွက်​​ပြေးခဲ့ရသည်​။

ထွက်​​ပြေးစဉ်​ အမည်​မသိ အကြမ်းဖက်​သမား ၂ ဦးက ဓားဖြင့်​လိုက်​ခုတ်​ခဲ့ရာ ဦးကျန်​​သိန်းအောင်တွင်​ ပြတ်​ရှဒဏ်​ရာများရရှိခဲ့ပြီးဦးစံသာနှင့်​အတူ ထွက်​​ပြေးလွတ်​​မြောက်​လာခဲ့သည်​။

၎င်းတို့နှစ်​ဦး၏တိုင်​တန်းချက်​အရ နယ်​​မြေရဲကင်းစခန်းမှလုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များသည်​ ပတ်​ဝန်းကျင်​ရှိ ​တောင်​ကုန်း၊လျို​မြောင်​နှင့်​အိမ်​အုပ်​စုများကို လိုက်​လံရှာ​ဖွေရှင်းလင်းသည်​။


အခင်းဖြစ်​ရာ ​နေရာနှင့်​ကိုက်​ ၃၀၀ အကွာ ရှိအိမ်​ ၇ လုံးစုတွင်​​နေထိုင်​သူ ကာလာမျှာ ၅၅ နှစ်​အား​တွေ့ရှိ၍ ​မေးမြန်းစုံစမ်းရာ ၎င်းအိမ်​စုရှိ အီနုစ်​(စိစစ်​ဆဲ)၏ ​နေအိမ်​သို့ အလည်​​ရောက်​ရှိ​နေ​သော ​အောင်​စစ်​ပြင်​​ကျေးရွာအုပ်​စု ဒုံးပိုက်​​ကျေးရွာမှ ​မောင်​စိုး(စိစစ်​ဆဲ)နှင့်​ ဆာရပ်​(စိစစ်​ဆဲ)တို့နှစ်​ဦးသည်​ အခင်းဖြစ်​ရာ​နေရာသို့တုတ်​ဆွဲ၍ ဆင်းသွား​ကြောင်း​ပြောဆိုသဖြင့်​ ကြိမ်​​ချောင်းရုံး၌ ​ခေါ်ယူစစ်​​ဆေးလျက်​ရှိ​ကြောင်းသိရသည်​။

ဦး​အောင်​​ကျော်​ပါ ၄ ဦးကို ဓားဖြင့်​ခုတ်​၍ ၂ ဦးအား ဖမ်းဆီး​ခေါ်​ဆောင်​သွားသူ အမည်​မသိ အကြမ်းဖက်​သမားများကို ဖမ်းဆီးရမိ​ရေး​ အမှုဖွင့်​၍ လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များနှင့်​​ဒေသခံ​ကျေးရွာသားများက စုံစမ်းရှာ​ဖွေ​ခဲ့ရာ မွန်းလွဲ၁၂နာရီခွဲတွင်​ ဦး​အောင်​​ကျော်​ ၅၂ နှစ်​ကို ​တောင်​​စောင်း ​ရေစီး​မြောင်းကြား သစ်​ကိုင်းများ အမှိုက်​များဖုံးအုပ်​လျက်​ပြန်​လည်​​တွေ့ရှိခဲ့သည်​။

ပျောက်​ဆုံး​နေသူ ဦးကိုကိုသိန်း အားပြန်​လည်​​တွေ့ရှိနိုင်​​ရေး လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များက စုံစမ်းရှာ​ဖွေလျက်​ရှိ​ကြောင်းသိရသည်​။

ဇွန် ၂၅ ရက် နံနက် ၃ နာရီခန့်​ကလည်း ​မောင်တောမြို့နယ် မြို့သူကြီးကျေးရွာနေ ဖွေယောစ် ၄၈ နှစ်သည် ညီမဖြစ်သူ မရာရှီဘီဘီ ၂၅ နှစ်၊ မကိုင်ရာဘီဘီ ၃၅ နှစ်နှင့် ၎င်း၏သားဖြစ်သူ တော်ဘီ ၂၀ နှစ်တို့နှင့်အတူ နေအိမ်၌ အိပ်ပျော်နေစဉ် မျက်နှာဖုံးစွပ်နှင့် ဓါးများကိုင်ဆောင်ထားသည့် အမည်မသိသူ ၃ ဦး သည် နေအိမ်အတွင်း ၀င်ရောက်၍ တိုက်ခိုက်ရာ ဖွေယာစ်သည် ၀ဲဘက်ရင်အုံ ပြတ်ရှဒဏ်ရာ ၃ ချက်၊ ယာလက်မောင်း ပြတ်ရှဒဏ်ရာ ၁ ချက်၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ယာဘက်ဦးခေါင်း ပြတ်ရှဒဏ်ရာ ၁ ချက် တို့ဖြင့် သေဆုံးနေပြီး မရာရှီဘီဘီ သည် ယာဘက်ဦးခေါင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာလက်ခြုံပတ်ရှဒဏ်ရာ ၁ ချက်တို့ ရရှိပြီး မကိုင်ရာဘီဘီသည် ၀ဲဘက်လက်ခုံပြတ်ရှဒဏ်ရာ ၁ ချက် တို့နှင့် တော်ဘီတွင် ၀ဲဘက်ခြေသလုံး ပြတ်ရှဒဏ်ရာ ၁ ချက်တို့ ဒဏ်ရာ အသီးသီး ရရှိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ပြင်ဖြူ နယ်မြေရဲစခန်းမှ အမှုဖွင့်လှစ်၍ တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
ပျောက်​ဆုံး​နေသူ တရိန်း​ကျေးရွာသား ၂ ဦးအနက်​ ၁ ဦးအား​သေဆုံးလျက်​ပြန်​လည်​​တွေ့ရှိပြီးမြို့သူကြီးကျေးရွာသား ၁ ဦးအသတ်ခံရ ​ပျောက်​ဆုံး​နေသူ တရိန်း​ကျေးရွာသား ၂ ဦးအနက်​ ၁ ဦးအား​သေဆုံးလျက်​ပြန်​လည်​​တွေ့ရှိပြီးမြို့သူကြီးကျေးရွာသား ၁ ဦးအသတ်ခံရ Reviewed by THITHTOOLWIN on 23:22 Rating: 5
Powered by Blogger.