မိုးညှင်းမြို့ ရှောင်လမ်းအနီးတွင် ဓားခုတ်ဒဏ်ရာဖြင့် အမျိုးသမီးတစ်ဦး သေဆုံး၊ အမျိုးသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့


မိုးညှင်း ဇွန်၂၅

ကချင်ပြည်နယ် မိုးညှင်းမြို့အရှေ့ဘက် ရှိမြို့ရှောင်လမ်းနှင့်ပေ(၃၀၀) ခန့်အကွာ လောက်စာတောင်ဘုန်းကြီးကျောင်းဘက်သို့ သွားရာကားလမ်းမဘေးတွင် အမျိုးသမီးတစ်ဦး ဒဏ်ရာများနှင့်သေဆုံးနေပြီး အမျိုး သားတစ်ဦး မှာ ဓားဒဏ်ရာများဖြင့် လဲကျနေကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂၄ရက် ညနေ ၄နာရီအချိန်ခန့်က တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေးအကြောင်းကြားချက်အရ မိုးညှင်းမြို့မရဲစခန်းမှ တာဝန်ရှိသူများနှင့် ရာအိမ်မှူးများက သွားရောက်ခဲ့စစ်ဆေးခဲ့ကြသည်။

 အဆိုပါ အခင်းဖြစ်နေရာတွင် လဲကျနေသူတို့အား စစ်ဆေးရာအမျိုး သမီးမှာ မအေးစုမွန်၂၀နှစ် အရှေ့စုရပ် နောင်စွန်းအောက်ချို င့်နေသူဖြစ်ကြောင်း သိရသည်။ ၎င်းမှာနောက်ကျောတွင်ထိုးသွင်းဒဏ်ရာ (၁၁)ချက်၊ ယာဘက်ရင်အုံတွင်ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့်သေဆုံးလျက်ရှိသြည်ကိုတွေ့ရသည်။


 အမျိုးသားမှာမြတ်ထွန်းဦး ၂၃နှစ် အောင်ချမ်းသာရပ်ကွက် မိုးညှင်းမြို့နေထိုင်သူ၏ဦးခေါင်းထိပ်တွင့်ပြတ်ရှဒဏ်ရာ(၁)ချက်၊လည်ပင်း၏၀ဲဘက်တွင်အလျား(၄)စင်တီမီတာအနံ(၁)စင်တီမီတာခန့်ပြတ်ရှဒဏ်ရာ(၈)ချက်၊၀ဲဘက်လက်ဖျံတွင်(၄)စင်တီမီတာ အနံ(၁)စင် တီမီတာခန့်ပြတ်ရှ ဒဏ်ရာ ၀ဲဘက်လက်ခုံတွင် (၂)စင်တီမီတာ အနံ(၁)စင်တီမီတာ ခန့်ပြတ်ရှ ဒဏ်ရာယာဘက်လက်ညိုးလက်ခလယ်လက်သူကြွယ်ပြတ်တောက်ခဲ့ပြီး(စိုးရိမ်ရ) ဒဏ်ရာများရရှိကာလဲကျနေကြောင်းသိရသည်။

 အခင်းဖြစ်နေရာတွင်အရိုးအသွား(၂၅)လက်မခန့်ရှိဓားရှည်(၁)ချောင်းအရိုးအသွား(၉)လက်မခန့်ရှိခေါက်ဓား(၁)ချောင်း တို့ကိုတွေရှိရကြောင်း သိရသည် ။

အဆိုပါဖြစ်စဉ်နှင့်ပါတ်သက်၍ မိုးညှင်းမြို့မရဲ စခန်းက အမှုမှန်ပေါ်ပေါက်ပေါက်ရေး အတွက် ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည် ။

(နီတိုး)
ဓါတ်ပုံ - Ko Than Htun Aung
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုးညှင်းမြို့ ရှောင်လမ်းအနီးတွင် ဓားခုတ်ဒဏ်ရာဖြင့် အမျိုးသမီးတစ်ဦး သေဆုံး၊ အမျိုးသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ မိုးညှင်းမြို့ ရှောင်လမ်းအနီးတွင် ဓားခုတ်ဒဏ်ရာဖြင့် အမျိုးသမီးတစ်ဦး သေဆုံး၊ အမျိုးသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.