ပါတီအတွင်းရေးကို မီဒီယာတွေနဲ့ လူမှုကွန်ယက်တွေမှာ ရေး သားပြောဆိုတာတွေ မလုပ်ဖို့ သတိပေး

NLD ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်ကို ဇွန်လ ၂၅ ရက်နေ့ကကျင်းပတဲ့ ၇ ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးမှာ တွေ့ရစဉ်။ Photo: Kaung Htet Kyaw/ RFA
ပါတီအတွင်းရေးကိစ္စတွေကို လူမှုကွန်ယက်ပေါ်ရေးတင်တာတွေ သတင်းမီဒီယာတွေကို ပြောဆိုတာ တွေ မလုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် က ပါတီဗဟိုကော်မတီဝင်တွေကို သတိပေးလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုကော်မတီ ၇ ကြိမ်မြောက် အစည်းအဝေးကို ၂ ရက်ကြာကျင်းပပြီးနောက် ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဝင်းထိန် က ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဦးဝင်းထိန် က ၂၁ ရာစုပင်လုံညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးအဖြေရှာပြီး အားလုံး လက်ခံနိုင်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားနေကြောင်း လည်း ပြောခဲ့ပါတယ်။

နှစ်ရက်ကြာ အစည်းအဝေးကနေ လူငယ်ညီလာခံ ကျင်းပဖို့၊ လိုအပ်တဲ့ရေးရာကော်မတီတွေ ပြန်လည်ဖွဲ့စည်းဖို့ စတဲ့ အချက် ၇ ချက်ကို ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဗဟိုကော်မတီအစည်းအဝေးကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ နိုင်ငံတော်သမ္မတရဲ့ဇနီး၊ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အရန်ဗဟိုကော်မတီ ဝင်တွေ စုစုပေါင်း ၁၂၂ ဦး တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပါတီအတွင်းရေးကို မီဒီယာတွေနဲ့ လူမှုကွန်ယက်တွေမှာ ရေး သားပြောဆိုတာတွေ မလုပ်ဖို့ သတိပေး ပါတီအတွင်းရေးကို မီဒီယာတွေနဲ့ လူမှုကွန်ယက်တွေမှာ ရေး သားပြောဆိုတာတွေ မလုပ်ဖို့ သတိပေး Reviewed by THITHTOOLWIN on 20:25 Rating: 5
Powered by Blogger.