ဖေ့ဘုတ်တွင် ခင်သောသူနှင့် အပြင်တွင်ချိန်းဆိုတွေ့သော တက္ကသိုလ်ကျောင်းသူ ဟိုတယ်ခေါ်၍ ရိုက်နှက် မုဒိန်းကျင့်ခံရ


မုံရွာ၊ဇွန် ၁၇။

လွန်ခဲ့သော သုံးလခန့်က ဖေ့ဘုတ်ပေါ်တွင် ခင်မင်ခဲ့သော အသက် ၂၇ နှစ်အရွယ်အမျိုးသားနှင့် အပြင်တွင် ချိန်းဆိုတွေ့ရာ ဟိုတယ်သို့ခေါ်၍ ရိုက်နှက်အဓမ္မကျင့်သဖြင့် ရတနာပုံတက္ကသိုလ် တတိယနှစ်ကျောင်းသူမှ ဇွန်လ ၁၅ ရက်နေ့က စစ်ကိုင်းမြို့မရဲစခန်းတွင်အမှုဖွင့်တိုင်ကြားလိုက်ကြောင်းသတင်းရရှိသည်။

အသက် ၂၂ နှစ်အရွယ် အဆိုပါကျောင်းသူမှာ တောင်ကြီးမြို့တွင် နေထိုင်ပြီး စစ်ကိုင်းမြို့ ရွာထောင် ရပ်ကွက်နေသူ အမျိုးသားနှင့် ဖေ့ဘုတ်တွင် ခင်မင်ခဲ့ပြီး မန္တလေး သို့ ကျောင်းလာတက်ခိုက် အပြင်တွင်တွေ့ဆုံရန် ကောင်လေးမှ ချိန်းဆိုသဖြင့် လက်ခံခဲ့သည်။ ဇွန်လ ၁၃ ရက်နေ့နံနက်ပိုင်းတွင်ချိန်းဆိုထားသော စစ်ကိုင်းမြို့နေသူ မှ အမျိုးသမီးအဆောင်သို့ကားဖြင့် လာရောက်ခေါ်ပြီး မန္တလေးမြို့ Heaven Cafe တွင်ထိုင်ကာ ကန်ပတ်လမ်း၌ စကားပြောဆိုခဲ့ကြသည်။

၎င်းနောက် အမျိုးသားမှ စစ်ကိုင်းမြို့ နေအိမ်သို့လိုက်ခဲ့ရန်ပြောရာ ငြင်းဆန်သောလည်းအတင်းခေါ်ဆောင်ပြီး နေအိမ်သို့မမောင်းပဲ စစ်ကိုင်းဟိုတယ်သို့မောင်းပြီးခေါ်ဆောင်ခံခဲ့ရသည်။ အဆောင်သို့ပြန်ပို့ရန် ပြောရာ ထိုးကြိတ်ရိုက်နှက်သဖြင့် မိန်းကလေးမှာခန္ဓာကိုယ်တစ်ခုလုံးတွင် ပွန်းခြစ်ဒဏ်ရာများရခဲ့ပြီးအလိုမတူပဲသားမယားအဖြစ် ပြုကျင့်လည်းခံခဲ့ရကြောင်း ကာယကံရှင်ကျောင်းသူ၏ ရဲစခန်းသို့တိုင်ကြားချက်အရ သိရသည်။

အဆိုပါ တိုင်ကြားချက်ကို ရဲစခန်းမှ အမှုကြီးအမှတ် ၆/၁၇ ပုဒ်မ ၃၇၆/၃၂၃ဖြင့်အမှုဖွင့်၍ တိုင်ကြားခံရသူ စစ်ကိုင်းမြို့ မှ အမျိုးသားအား ဖမ်းဆီးစစ်ဆေးနေကြောင်းသတင်းရရှိသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar/
ဖေ့ဘုတ်တွင် ခင်သောသူနှင့် အပြင်တွင်ချိန်းဆိုတွေ့သော တက္ကသိုလ်ကျောင်းသူ ဟိုတယ်ခေါ်၍ ရိုက်နှက် မုဒိန်းကျင့်ခံရ ဖေ့ဘုတ်တွင် ခင်သောသူနှင့် အပြင်တွင်ချိန်းဆိုတွေ့သော တက္ကသိုလ်ကျောင်းသူ ဟိုတယ်ခေါ်၍ ရိုက်နှက် မုဒိန်းကျင့်ခံရ Reviewed by THITHTOOLWIN on 18:52 Rating: 5
Powered by Blogger.