ဦးပိန်တံတားရှိ တိုင်ခေါင်းအတွင်း မီးမသေသေးသောဆေးလိပ်တို စွန့်ပစ်ခြင်းကြောင့် ကျွန်းတိုင် ၂ တိုင်မီးလောင်မှုဖြစ်


ဇွန် ၁၇

ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၂း၃၀ နာရီခန့်က တောင်သမန်အင်း ဦးပိန်တံတား တိုင်အမှတ် ၃၁၅ နှင့် တိုင်အမှတ် ၃၆၀ တို့တွင် မီးလောင်ကျွမ်းမှုဖြစ်ရာ တံတားပေါ်ရှိဈေးသည်များကဝိုင်းဝန်းငြိမ်းသတ်လိုက်ကြောင်း သိရသည်။

"တိုင်အမှတ် ၃၁၅ မှာ မီးတောက်တွေ တက်လာတဲ့အထိ လောင်ကျွမ်းလာလို့ ရေသန့်ဘူးအသစ်တွေဖောက်ပြီး ငြိမ်းသတ်ခဲ့ကြရတယ်။ ကျနော်တို့သောက်သုံးဖို့ ယူလာတဲ့ သောက်ရေတွေလည်း ပြောင်သွားတယ်။ ဆေးလိပ်သောက်သူက တိုင်ခလောင်းထဲ မီးမသေသေးတဲ့ ဆေးလိပ်တိုတွေထည့်ခဲ့တာကြောင့် လေတိုက်နေချိန်မှာ မီးထလောင်တာဖြစ်မယ်'' ဟု တံတားပေါ်ကဈေးသည်တစ်ဦးကပြောသည်။

ဦးပိန်တံတားပေါ်တွင် အမှိုက်ပုံးများ.ထားရှိသော်လည်းစည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများရှိနေသကဲ့သို့ ယခုကဲ့သို့ စည်းကမ်းမဲ့ဆေးလိပ်တိုများစွန့်ပစ်ခြင်းများကြောင့် မလိုလားအပ်သောပြသနာများ မကြာခဏဖြစ်ပွားတတ်ကြောင်းသိရသည်။

ကမ္ဘာကျော် ဦးပိန်တံတားကြီးသည် ဇရပ်အခန်း တိုင်များ အပါအ၀င် ကျွန်းတိုင်ပေါင်း ၁၀၈၆ တိုင်ရှိပြီး အရှည် ၃၉၆၇ ပေ၊ အခန်းပေါင်း ၄၄၇ ခန်းရှိသော ကမ္ဘာ့အရှည်လျားဆုံး ရှေးဟောင်း အမွေအနှစ် ကျွန်းသစ်တံတားဖြစ်သည်။

CK
TheMandalayNewsJournal
https://www.facebook.com/TheMandalayNewsJournal/
ဦးပိန်တံတားရှိ တိုင်ခေါင်းအတွင်း မီးမသေသေးသောဆေးလိပ်တို စွန့်ပစ်ခြင်းကြောင့် ကျွန်းတိုင် ၂ တိုင်မီးလောင်မှုဖြစ် ဦးပိန်တံတားရှိ တိုင်ခေါင်းအတွင်း မီးမသေသေးသောဆေးလိပ်တို စွန့်ပစ်ခြင်းကြောင့် ကျွန်းတိုင် ၂ တိုင်မီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 18:33 Rating: 5
Powered by Blogger.