ကျောက်တော်မြို့နယ်တွင် ဆိုင်ကယ်တိုက်၍ လမ်းဖြတ်ကူးလာသူ အမျိုးသမီး ပွဲချင်းပြီးသေဆုံး


စစ်တွေ၊ ဇွန် ၂၅

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေးရွာ၏ အရှေ့ဘက်တွင် ဆိုင်ကယ်တစ်စီးမှ လမ်းဖြတ်ကူးလာသူ အမျိုးသမီးတစ်ဦးအား တိုက်မိ၍ အတိုက် ခံရသည့် အမျိုးသမီးမှာ ၎င်းနေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည် ဟု အပေါက်ဝရဲစခန်းမှ ရဲအုပ် ဌေးဇော် က နိရဉ္စရာသို့ ပြောသည်။

“ မိုးအရမ်းရွာနေတဲ့ အချိန်မှာ ဆိုင်ကယ်တိုက်မှု ဖြစ်တာပါ။ အမျိုးသမီးက ဆိုင်ကယ်ရှေ့က လမ်းဖြတ်ကူးလို့ တိုက်မိတယ်လို့ သိရပါတယ် ။ ဇွန်လ ၂၄ ရက်နေ့ ညနေ ၄ နာရီမှာ ဖြစ်တာပါ” ဟု ရဲအုပ် ဌေးဇော်က ပြောသည်။

သေဆုံးသူ အမျိုးသမီးမှာ ပြိန်းချောင်းကျေးရွာနေ ဒေါ် အောင်နုသာ (၄၇နှစ်) ဖြစ်ပြီး ဆိုင်ကယ်တိုက်မိရာ နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု ရဲအုပ်က ဆက်လက်ပြောသည်။

ဆိုင်ကယ်တိုက်သူမှာ မြောက်ဦးမြို့အောင်တပ်ရပ်ကွက်နေ ဦးမောင်သိန်းဝင်း (၃၁) နှစ်ဖြစ်ကြောင်း၊ ဆိုင်ကယ်မှာ စစ်တွေဘက်မှ မောင်းနှင်လာခြင်း ဖြစ်ကြောင်း၊ ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသည့် မောင်းနှင် လာသူ ဦးမောင်သိန်းဝင်း၏ ညီ ဖြစ်သူမှာလည်း ဒဏ်ရာ အနည်းငယ် ရရှိ သွားသည် ဟု ရဲအုပ်က ဆက်လက်ပြောသည်။

ဆိုင်ကယ် မောင်းနှင်လာသူအား အပေါက်ဝ ရဲစခန်းမှ ပုဒ်မ ၃၀၄-(က)၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၂၇၉ များဖြင့် တရားစွဲဆို အရေးယူထားကြောင်း သိရသည်။

မဘုကေ
Narinjara
https://www.facebook.com/Narinjara
ကျောက်တော်မြို့နယ်တွင် ဆိုင်ကယ်တိုက်၍ လမ်းဖြတ်ကူးလာသူ အမျိုးသမီး ပွဲချင်းပြီးသေဆုံး ကျောက်တော်မြို့နယ်တွင် ဆိုင်ကယ်တိုက်၍ လမ်းဖြတ်ကူးလာသူ အမျိုးသမီး ပွဲချင်းပြီးသေဆုံး Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.