ပုသိမ် ကန်သုံးဆင့်ရေကန်တွင် သေဆုံး အမျိုးသားအလောင်း တွေ့ရှိသဖြင့် ဆယ်ယူစုံစမ်းလျှက်ရှိ


ပုသိမ်၊ ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကန်သုံးဆင့်ရေကန်တွင် ယနေ့နံနက်ပိုင်းက သေဆုံးနေသည့် အမျိုးသား (၁)ဦး အလောင်းပေါ်ခဲ့ကြောင်း သိရသည်။

အလောင်းအား သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ ၀င်များမှ သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ရင်ခွဲစစ်ဆေး မှုများပြုလုပ်ရန်အတွက် မေတ္တာဂုဏ်ရည်အသင်းမှ ၀ိုင်းဝန်း ကူညီပေးခဲ့ပြီး ကရုဏာလူမှုကူညီရေးအသင်းအဖွဲ့၏ ကူညီဆောင်ရွက်ပေးမှုဖြင့် ရင်ခွဲရုံသို့ ပိုဆောင်ခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသားအလောင်းကို ယနေ့နံနက် ၆း၄၅ခန့်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နံနက်၈း၃၀အချိန်တွင် ရင်ခွဲရုံသို့ပိုဆောင်ခဲ့သည်။

"သေဆုံးသူမှာ ကိုမျိုးမင်း၊ အသက် (၄၀) အမှတ်(၂)ရပ်ကွက်၊ ကွင်းတန်လမ်းတွင်နေသူဖြစ်တယ်" ဟု သေဆုံးအလောင်းအား ရင်ခွဲရုံသို့ ပိုဆောင်ပေးခဲ့သူ ကရုဏာလူမှုရေးအသင်းမှ ကိုအောင်ထက်ပိုင်မှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။


အလောင်းပေါ်လာမှုနှင့် ပတ်သက်၍ မည်သို့သေဆုံးခဲ့သည် မည်သည့်အကြောင်းအရာနှင့်သေဆုံးခဲ့သည်ကို သိရှိနိုင်ရန် ရဲတပ်ဖွဲ့မှ သေမှုသေခင်းဖွင့်လှစ်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မင်း ထက်မုန်း
ဓာတ်ပုံ - အောင်ထက်ပိုင်
Ayeyarwaddy Times
https://www.facebook.com/ayetimes
ပုသိမ် ကန်သုံးဆင့်ရေကန်တွင် သေဆုံး အမျိုးသားအလောင်း တွေ့ရှိသဖြင့် ဆယ်ယူစုံစမ်းလျှက်ရှိ ပုသိမ် ကန်သုံးဆင့်ရေကန်တွင် သေဆုံး အမျိုးသားအလောင်း တွေ့ရှိသဖြင့် ဆယ်ယူစုံစမ်းလျှက်ရှိ Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.