ထိထိမိမိဆွေးနွေးကြဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကို အမျိုးသား လွှတ်တော် ဥက္ကဌ တိုက်တွန်း


အဆိုတွေကို ထိထိမိမိဆွေးနွေးကြဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို  အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်း ခိုင်သန်းက ဒီကနေ့ တိုက်တွန်းလိုက် ပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဌ၊ မန်းဝင်း ခိုင်သန်းက အဆိုနဲ့ မဆိုင်တာတွေ ထည့်သွင်းဆွေးနွေးမယ့် အစား အဆို ကို ထိထိရောက်ရောက်ဆွေးနွေးဖို့ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ပြဌာန်းပြီးပေမယ့် အာဏာပိုင်တွေဘက် ကကြီးကြပ်အရေးယူမှုမရှိ သလောက်အားနည်းနေတဲ့အပေါ် ပြည်ထောင်စုအစိုးရက ကိုင်တွယ်ဖြေရှင်းပေးဖို့ တိုက်တွန်းကြောင်း အဆိုကို ကိုယ်စားလှယ်တွေ မဆွေးနွေးမီ သတိပေးလိုက်တာဖြစ်ပါတယ်။

ကိုယ်စားလှယ်တွေအနေနဲ့ အဆိုကို ဆွေးနွေးရာမှာဆေးလိပ်နဲ့ ဆေးရွက်ကြီးဆိုးကျိုးထက် ဥပဒေကို မလိုက်နာတဲ့ အကြောင်း  အဓိကထားဆွေးနွေးသင့်တယ်လို့လည်း မန်းဝင်းခိုင်သန်း က ပြောပါတယ်။

အဲဒီအဆိုကို ပြီးခဲ့တဲ့ နှစ်ရက်က ကိုယ်စားလှယ် ၁၆ ဦး၊ ဒီကနေ့ ကိုယ်စားလှယ်၈ ဦး စုစုပေါင်းကိုယ်စားလှယ် ၂၄ ဦးက ဆွေးနွေးခဲ့ပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး က အဲဒီကိစ္စတွေကို အရေးယူဖို့ဟာ ပြည် ထဲရေး၊ တရားရေးတို့နဲ့ သက်ဆိုင်တာဖြစ်တဲ့အတွက် အဆိုကိုမှတ်တမ်းတင်ဖို့ တင်ပြခဲ့ပါတယ်။

အဲဒီအဆိုကိုမဲခွဲဆုံးဖြတ်ရာမှာ မဲပေးပိုင်ခွင့်ရှိသူ ၂၁၃ ဦးထဲက ထောက်ခံမဲ ၁၄၇ မဲ၊ ကန့်ကွက်မဲ ၄၈မဲ၊ ကြားနေ ၈ မဲရှိတဲ့အတွက်အဆိုကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ထိထိမိမိဆွေးနွေးကြဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကို အမျိုးသား လွှတ်တော် ဥက္ကဌ တိုက်တွန်း ထိထိမိမိဆွေးနွေးကြဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကို အမျိုးသား လွှတ်တော် ဥက္ကဌ တိုက်တွန်း Reviewed by THITHTOOLWIN on 18:25 Rating: 5
Powered by Blogger.