တာချီလိတ်တွင် စိတ်မနှံ့သူ အမျိုးသားတစ်ဦး ဓားကိုင်ဆောင်ကာ ပတ်သွားနေ


တာချီလိတ်မြို့တွင် ယနေ့ ၂၀၁၇ခုနှစ် ဇွန်လ(၂၇)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်၌ စိတ်မနှံ့သူ အမျိုးသားတစ်ဦး လက်ထဲတွင် ဓားကိုင်ဆောင်ကာ သွားလာမှုပြုလုပ်နေကြောင်း ကျောင်းသား မိဘတစ်ဦး၏ သတင်းပေးချက်အရ သိရသည်။

"တာချီလိတ်မှာ အခုနောက်ပိုင်း စိတ်မနှံ့သူနဲ့ လမ်းပေါ်မှာ လေလွင့်သွားလာသူတွေများလာတယ်၊ ပြီးခဲ့တဲ့ ရက်တုန်းကလည်း ဒီလူပဲ တာလော့ကျောင်းနားမှာ ဓားနဲ့မြေကြီးကို ခြစ်နေတာ၊ မတော်လို့များ ကျောင်းက ထွက်လာတဲ့ ကလေးတွေကို ရန်ရှာရင် ခက်ပြီ"ဟု ကျောင်းသားမိဘတစ်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် အများအားဖြင့် မူးယစ်ဆေးဝါးများကြောင့် လမ်းပေါ်တွင် လေလွင့်သွားလာသူများ တိုးပွားလာပြီး စိတ်မနှံ့သူများလည်း ရှိလာသည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
http://www.tachileik.net
တာချီလိတ်တွင် စိတ်မနှံ့သူ အမျိုးသားတစ်ဦး ဓားကိုင်ဆောင်ကာ ပတ်သွားနေ တာချီလိတ်တွင် စိတ်မနှံ့သူ အမျိုးသားတစ်ဦး ဓားကိုင်ဆောင်ကာ ပတ်သွားနေ Reviewed by THITHTOOLWIN on 18:09 Rating: 5
Powered by Blogger.