တိုက်ပွဲအတွင်း ဒေသခံ ၃ဝဝ ကျော် ပိတ်မိနေဆဲ


ဇွန်လ ၂၇ ရက်၊ မားနဂါး၊ နမ့်ဆန်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်လန်းရွာခံ ၃ဝဝ ဝန်းကျင်နှင့် နမ့်လင်းရွာသား ၆ဝ ဦးတို့သည် ကျေးရွာအတွင်း ယနေ့ ဇွန် ၂၇ ရက်ထိ ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။

ပိတ်မိနေသည့် ဒေသခံများကို သွားရောက်ကူညီရန်အတွက် နယ်စည်းမခြား ပရဟိတ(သီပေါ)နှင့် လားရှိုးမြို့ရှိ ပေး သောလက် သွေးနှင့် လူငယ်ကူညီရေးအဖွဲ့က ဇွန် ၂၆ရက်တွင် သွားရောက် ကူညီခဲ့ရာ ဇွန် ၂၇ ရက်၌ အထက်မန် လွယ်ရွာမှ ဒေသခံ ၂၆ ဦးသည် နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတွင် ရောက်ရှိနေပြီဖြစ်ကြောင်း လိုက်ပါ ကူညီပေးခဲ့ သူ တစ်ဦးက ပြောသည်။


"မန်လန်းမှာ ရွာသား ၃ဝဝ လောက် ပိတ်မိနေတယ်။ နမ့်လင်းမှာက ၆ဝ လောက်ရှိသေးတယ်။ တစ်ချို့တစ်ဝက်က တော့ မန်စံဘက်ကို ရောက်သွားပြီ။ ကျနော်တို့က အထက်မန်လွယ်မှာဘဲ အဆက်အသွယ်ရှိတော့ အဲထိဘဲ သွားလို့ရ တယ်။ ဟိုဘက်က ဆက်သွားလို့မရဘူး။ ဘာလို့လဲဆိုတော့ နမ့်လင်းမှာက စစ်တပ်ဘက်က ရှိနေတော့ အခြေအနေ သိပ်မကောင်းဘူး။ သွားကူတဲ့အဖွဲ့တွေက စစ်တပ်က ရှိနေတော့ မသွားရဲကြဘူးဖြစ်နေတာလေ" ဟု ဇွန်လ ၂၇ ရက် တွင် မားနဂါးသတင်းဂျာနယ်သို့ ပြောသည်။

မန်လန်းကျေးရွာအနီးတစ်ဝိုက်တွင် အစိုးရတပ်မတော် စကခ(၁) လက်အောက်ခံ(၅ဝ၁၊ ၅ဝ၃)နှင့် တအာင်းတပ်မ တော် တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း ၉၁၉ တို့အကြား ဇွန်လ ၂၄ရက်၌ စတင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ရွာသားများသည် ကျေးရွာထဲတွင် ပိတ်မိနေဆဲဖြစ်ပြီး ဒေသခံများကို အစိုးရတပ်မှ ရိုက်နှက်စစ်ဆေးနေသည်ဟု သ တင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုချက် မရရှိသေးပေ။

Photo- Shar Htat Paing's Facebook
Marnagar News Journal
https://www.facebook.com/marnagarnewsjournal
တိုက်ပွဲအတွင်း ဒေသခံ ၃ဝဝ ကျော် ပိတ်မိနေဆဲ တိုက်ပွဲအတွင်း ဒေသခံ ၃ဝဝ ကျော် ပိတ်မိနေဆဲ Reviewed by THITHTOOLWIN on 17:43 Rating: 5
Powered by Blogger.