လွိုင်ကော်ဆေးရုံမှ လက်ထောက်ဆရာဝန် အမျိုးသမီးတစ်ဦး နေအိမ်တွင် ကြိုးဆွဲချသေဆုံး


လွိုင်ကော် မေ ၂၈

ကယားပြည်နယ် လွိုင်ကော်မြို့တွင် လွိုင်ကော်ဆေးရုံမှ လက်ထောက်ဆရာဝန် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးသော ဖြစ်ရပ်တစ်ခု မေ ၂၁ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ လွိုင်ကော်ဆေးရုံတွင် လက်ထောက်ဆရာဝန် တာဝန်ထမ်းဆောင်နေသူ ဒေါ်ကေခိုင်ဝင်း (၃၀ နှစ်)ဖြစ်ပြီး လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်အတွင်းရှိ ၄င်း၏နေအိမ် စတိုခန်းအတွင်း၌ ကြိုးဆွဲချသေဆုံးနေသည်ကို ၄င်း၏ မိခင်ဖြစ်သူ ဒေါ်ယဉ်ယဉ်သန်းမှ တွေ့မြင်၍ ပတ်ဝန်းကျင်သို့ အကူအညီတောင်းခံကာ လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးနေပြီဖြစ်ကြောင်း သိရသည်။

နေအိမ်စတိုခန်းအတွင်း အမြင့်ကိုးပေခန့်ရှိ အလင်းရောင်နှင့် လေ၀င်ပေါက်သံတန်း၌ ရှစ်ပေခန့်အရှည် အဖြူရောင်ချည်ကြိုးကို ချည်နှောင်ကာ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ပြီး နေအိမ် ဧည့်ခန်းစားပွဲပေါ်တွင် မိခင်ဖြစ်သူထံပေးသည့် ၁၈-၄-၂၀၁၇ ရက်စွဲပါ စာတစ်စောင်ကိုလည်း တွေ့ရှိရကြောင်း သိရသည်။ အဆိုပါစာတွင် မပျော်ပိုက်သဖြင့် မိမိကိုယ်ကို အဆုံးစီရင်သည့် သဘောမျိုးရေးသားထားသည်ဟု ဆိုသည်။

ထိုဖြစ်စဉ်နှင့်စပ်လျဉ်း၍ လွိုင်ကော်မြို့မရဲစခန်းက အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကြီးမြင့်နိုင် (လွိုင်ကော်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လွိုင်ကော်ဆေးရုံမှ လက်ထောက်ဆရာဝန် အမျိုးသမီးတစ်ဦး နေအိမ်တွင် ကြိုးဆွဲချသေဆုံး လွိုင်ကော်ဆေးရုံမှ လက်ထောက်ဆရာဝန် အမျိုးသမီးတစ်ဦး နေအိမ်တွင် ကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 18:35 Rating: 5
Powered by Blogger.