တောင်ငူမြို့တွင်ကျပ်သိန်း ၁၀၀ တန်ဘိုးရှိ ရွှေဆွဲကြိုးလေးကုံးအား ယူဆောင်ထွက်ပြေးသွားစဉ်ဖမ်းဆီးရမိ


တောင်ငူ မေ ၂၈

တောင်ငူမြို့၊ အမှတ် ၅ ရက်ကွက်၊ နင်္ဂါးရုံဘုရားလမ်းရှိ စိန်ညွှန့်ရွှေအရောင်းဆိုင်တွင် မေ ၂၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့် ရွှေလာရောက်ဝယ်ယူသူအမျိုးသမီးမှ ရွှေဆွဲကြိုး သိန်း၁၀၀ တန်ဝယ်ယူလိုကြောင်းပြောသဖြင့် ထုတ်ပြသော ရွှေဆိုကြိုး ၆ ကုံးအနက် လေးကုံးကိုယူဆောင်ထွက်ပြေး သွားခဲ့၍ အနီးရှိလူများကဝိုင်းဝန်းဖမ်းဆီးကာ တောင်ငူအမှတ်(၂)နယ်မြေရဲစခန်းသို့ပို့ဆောင်အပ်နှံခဲ့ ကြောင်းသိရသည်။

 ဖြစ်စဉ်မှာ စိန်ညွှန့်ရွှေဆိုင်မှ ဦးအကင်း သည် ရွှေဆိုင်အလုပ်သမားများနှင့်အတူ ဈေး ရောင်းနေချိန် အသားညိုညို၊ ပိန်ပိန်၊ ဆံပင်ဂုတ်ထောက်နှင့်အမျိုးသမီးတစ်ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာ ကာ ငွေကျပ် သိန်း ၁၀၀ တန် ရွှေဆွဲကြိုးတစ်ကုံးဝယ်ယူလိုကြောင်းပြောသဖြင့် ဦးအကင်း မှ ရွှေဆွဲကြိုး ၆ ကုံးကိုထုတ်ပြခဲ့သည်။


၎င်းအမျိုးသမီးသည် ရွှေဆွဲကြိုး ၆ ကုံးအနက် နှစ်ကုံးကိုဆိုင်ရှင်သို့ပြန်ပေးခဲ့ပြီး ကျန် လေးကုံးကိုယူဆောင်၍ဆိုင်တွင်းမှထွက်ပြေးသွားခဲ့သည်။ထို့သို့ထွက်ပြေးစဉ် ဆိုင်သို့ရောက်ရှိလာ သူအမျိုးသားများကိုဝိုင်းဝန်းဖမ်းဆီခဲ့ရာ ရွှေဆွဲကြိုး လေးကုံး အလေးချိန် ၁၁ ကျပ်သား ကာလတန်ဘိုး ကျပ်သိန်း ၁၀၀ ခန့်နှင့်အတူဖမ်းဆီးရသဖြင့် တောင်ငူအမှတ်(၂)နယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့ သည်။

 တောင်ငူအမှတ်(၂)နယ်မြေရဲစခန်း၌ စစ်ဆေးချက်အရ ရွှေဆွဲကြိုးလေးကုံးခိုးယူထွက်ပြေးသွားသူ မှာ မအာရုံဦး ၃၁ နှစ်၊ အမှတ် ၁၇ ရပ်ကွက်၊တောင်ငူမြို့နေသူဖြစ်ကြောင်းသိရှိရ၍ ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

တောင်ငူမြို့တွင်ကျပ်သိန်း ၁၀၀ တန်ဘိုးရှိ ရွှေဆွဲကြိုးလေးကုံးအား ယူဆောင်ထွက်ပြေးသွားစဉ်ဖမ်းဆီးရမိ တောင်ငူမြို့တွင်ကျပ်သိန်း ၁၀၀ တန်ဘိုးရှိ ရွှေဆွဲကြိုးလေးကုံးအား ယူဆောင်ထွက်ပြေးသွားစဉ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:39 Rating: 5
Powered by Blogger.