တမူးမြို့မှာ သေနတ်ပစ်ခတ် မှုကြောင့် လူတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မြို့မ ၁၃ ရပ်ကွက်က သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ ဦးချစ်ထွေးနေအိမ်ကို တွေ့ရစဉ်။ Photo: Myint Zaw
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မြို့မ ၁၃ ရပ်ကွက်မှာ မနေ့ညက သေနတ်နဲ့ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။

မေလ ၂၇ ရက် ည ၁၀ နာရီခွဲဝန်းကျင်က မြို့မ ၁၃ ရပ်ကွက် ပြည်တော်သာလမ်းမှာ နေထိုင်တဲ့ ဦးချစ်ထွေးနေအိမ်ကို လက်နက်ကိုင်ဆောင်သူ တစ်စုကာ လာရောက် ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၄၁ နှစ်အရွယ်ရှိတဲ့ ဦးချစ်ထွေး သေဆုံးခဲ့ပြီး ဇနီးဖြစ်သူနဲ့ အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူတို့ ဒဏ်ရာရရှိခဲ့တယ်လို့ တမူးမြို့ခံတမူးမြို့ NLD ပါတီ ဥက္ကဋ္ဌ ဦးမြင့်ဇော်က ပြောပါတယ်။

" ၁၀နာရီခွဲလောက်မှာ လူနှစ်ယောက်က နောက်ဖေးပေါက်ကနေ၀င်လာပြီး အိမ်ရှင်ကို တံခါးခေါက်တော့ ဖွင့်ကြည့်လိုက်တော့ ရန်သူမှန်းသိတော့ ပြန်ပိတ် တာပေါ့၊ ပိတ်လိုက်ဖွင့်လိုက် လုနေကြပြီးတော့ သေနတ်ထိုးထည့်ပြီးပစ်သွားတာ သူ့သမီးလေးကိုလည်း မှန်သွားတယ်၊ ကျနော်တို့တမူးမြို့က ကျီးလန့်စာ စားပေါ့ဗျာ၊ တစ်လအတွင်းဗုံးကွဲလိုက် နှစ်ရက်အတွင်း ၅ လုံးလောက်ကွဲတယ်ဗျာ၊ အခုဆိုရင် လူသေမှုဖြစ်တယ်ဗျာ၊ ဒါမျိုးတွေမြို့ထဲမှာလာပစ်တာ ကြတော့မကောင်းဘူးလေ၊ နယ်စပ်နဲ့ဆိုရင်တော်တော်လှမ်းတယ်၊ ဒီနန့်ဖာလုံရဲကင်းကို ကျော်လာပြီး တော့မှပစ်တာလေ ကျနော်တို့က လုံခြုံမှုနည်းတာပေါ့ဗျာ၊ လုံခြုံမှုအားနည်းတယ်ပြောရမှာပေါ့"

သေဆုံးသူခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာ ရှစ်ချက်ပစ်ခတ်ခံရတယ်လို့ တမူးမြို့မ ရဲစခန်းက စစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးသူရဲ့ နေအိမ်မှာတော့ ကျည်ခွံ ၆ ခွံ ကို တွေ့ရှိခဲ့တယ်လို့ ဖြစ်စဉ်ဖြစ်ပြီးမှာ သွားရောက် ကြည့်ရှု့ခဲ့တဲ့ မြို့ခံ NLD ဥက္ကဋ္ဌ ဦးမြင့်ဇော်ကပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးနှစ်ဦးကို တမူးမြို့ဆေးရုံမှာ လက်ရှိ ဆေးကုသနေပြီး သမီးဖြစ်သူရဲ့ ဒဏ်ရာက အသက်အန္တရာယ် စိုးရိမ်ရတယ်လို့သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တမူးမြို့မရဲစခန်းက ပနံပါတ် ၆၈ /၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ၊၃၀၇ တို့နဲ့ အမှုဖွင့်ထားပြီး ပစ်ခတ်သွားသူတွေကို စုံစမ်းနေ တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
တမူးမြို့မှာ သေနတ်ပစ်ခတ် မှုကြောင့် လူတစ်ဦးသေဆုံး တမူးမြို့မှာ သေနတ်ပစ်ခတ် မှုကြောင့် လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.