ပေါက်တောမီး လူ ၉ ဦးဒဏ်ရာရ၊ ပြင်းထန်သူတစ်ဦးပါ


နိရဉ္စရာ၊ မေ ၁၇

ရခိုင်ပြည်နယ် ပေါက်တောမြို့ ရပ်ကွက် ၃၊ ဈေးအနီး ဆီဆိုင်တန်း၌ မေလ ၁၇ ရက်နေ့ ယနေ့ နံနက် ၈ နာရီ ၅၀ ခန့်က မီးလောင်နေပြီး လူ ၉ ဦး ဒဏ်ရာ ရရှိကာ တစ်ဦး ဒဏ်ရာ ပြင်းထန်သည်ဟု သိရသည်။


“အိမ် ၅ လုံးလောက်မီးလောင်နေပါတယ်။ လူ ၉ ဦး ဒဏ်ရာ ရရှိပြီးတော့ တစ်ဦး ဒဏ်ရာပြင်းထန်တဲ့အတွက် အောက်စီဂျင် ရှူထားရပါတယ်”ဟု လူနာများကို ဆေးရုံသို့ လိုက်ပို့ပေးနေသူ ပေါက်တော သွေးလှူရှင်အသင်းမှ ဦးကျော်ကျော်ခိုင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

မီးကို မီးသတ်ကား ၂ စီးနှင့် မြို့လူထုက ၀ိုင်းဝန်းငြိမ်းသတ်နေသော်လည်းလည်း မီးအခြေအနေ ဆိုးဝါးနေတုန်း ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ပေါက်တောမီး လူ ၉ ဦးဒဏ်ရာရ၊ ပြင်းထန်သူတစ်ဦးပါ ပေါက်တောမီး လူ ၉ ဦးဒဏ်ရာရ၊ ပြင်းထန်သူတစ်ဦးပါ Reviewed by THITHTOOLWIN on 11:02 Rating: 5
Powered by Blogger.