ပေါက်တောမီး ထိန်းနိုင်ခြင်းမရှိသေး


နိရဉ္စရာ၊ မေ ၁၇

ရခိုင်ပြည်နယ် ပေါက်တောမြို့ ရွှေပြည်တန် ဘုတ်ဆိပ်အနီး ဓာတ်ဆီဆိုင် တစ်ဆိုင်မှ စပြီး မေလ ၁၇ ရက်နေ့ ယနေ့ နံနက် ၈ နာရီမှ စတင်ပြီး မီးလောင်နေရာ ယခုအချိန်ထိ မီးငြိမ်းသတ်နိုင်ခြင်း မရှိသေးကြောင်း ပေါက်တောမြို့ခံများက ပြောသည်။


မီးသတ်ကား နှစ်စီးဖြင့် ၀ိုင်းဝန်း မီးငြိမ်းသတ်နေရာ တစ်စီးသတ်၊ တစ်စီးနောက်ဆုတ် ပုံစံဖြင့် မီးကို ငြိမ်းသတ်နေရပြီး မီးသတ်ကားမှ ရေအား မကောင်း၍ ငြိမ်းသတ်မနိုင်ဘဲ ဖြစ်နေကြောင်း မျက်မြင် တစ်ဦးက ပြောသည်။


ဓာတ်ဆီဆိုင် ပေါက်ကွဲနေပြီး ကြားတွင် တိုက်ကြီးနှစ်လုံးခံနေ၍ မြို့ထဲဘက်သို့ မီးမကူးသေးကြောင်း၊ သို့သော်လည်း ဘုတ်ဆိပ် တစ်လျှောက်ရှိ ဓာတ်ဆီဆိုင်များ အားလုံး မီးလောင်နေကြောင်း ပြောကြားသည်။

အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိနေကြောင်း မျက်မြင် ဒေသခံများက ပြောသည်။

Narinjara
https://www.facebook.com/Narinjara
ပေါက်တောမီး ထိန်းနိုင်ခြင်းမရှိသေး ပေါက်တောမီး ထိန်းနိုင်ခြင်းမရှိသေး Reviewed by THITHTOOLWIN on 10:54 Rating: 5
Powered by Blogger.