ရိ​ခေါဒါရ်​မြို့တွင်​ ယာဉ်​တစ်​စီး ဘရိတ်​​ပေါက်​၍ အရှိန်​မထိန်းနိုင်​ပဲ လမ်း​ဘေးလူ​နေအိမ်​ တစ်​လုံး ၀င်​တိုက်​တိမ်း​မှောက်​မှုဖြစ်​ပွား


ရိ​ခေါဒါရ်​ ​မေ ၂၃

ချင်းပြည်​နယ်​ ရိ​ခေါဒါရ်​မြို့တွင်​ ​မေ ၂၃ ရက်​ နံနက်​ ၈ နာရီ ၅၅ မိနစ်​တွင်​ ဟိုင်​မွာလ်​ဂျစ်​ကားတစ်​စီး ဘရိတ်​​ပေါက်​၍ အရှိန်​မထိန်းနိုင်​ပဲ လမ်း​ဘေးလူ​နေအိမ်​တစ်​လုံး ၀င်​တိုက်​တိမ်း​မှောက်​မှုဖြစ်​ပွား​ကြောင်း သိရသည်​။


ဖြစ်​စဉ်​မှာ ရိ​ခေါဒါရ်​မြို့ အမှတ်​(၂)ရပ်​ကွက်ရှိ ချူးရင့်​ကုပ္မဏီ​ရှေ့မှ တစ်​ဖက်​ အိန္ဒိယနိုင်​ငံ ဇို​ခေါထာရ်​​ကျေးရွာသို့ ပို့​ဆောင်​မည့်​ ကွမ်းသီးအိတ်​ (၇၀)ခန့်​ တင်​​ဆောင်​သည့်​ ယာဉ်​​မောင်း ဦးကိုင်​ဇင်းငှာ (၂၀/၂၀၁၇)နှစ်​၊ (အဘ)ဦးဂင်းဆွမ်​ငှာ ​မောင်းနှင်​သည့်​ ဟိုင်​မွာလ်​ဂျစ်​ကား (အစိမ်း​ရောင်​)တစ်​စီးသည်​ ဗိုလ်​ချုပ်​လမ်းအတိုင်း​မောင်းနှင်​လာရာ မြို့တွင်းကုန်းဆင်းအ​ရောက်​တွင်​ ကားဘရိတ်​​ပေါက်​ပြီး အရှိန်​မထိန်းနိုင်​ပဲ လမ်းဝဲဘက်​သို့ တိမ်း​မှောက်​၍ ကိုဝင်း​နေအိမ်​ကို ၀င်​တိုက်သည်​။ ၀င်​တိုက်​သွားသည့်​ ​ကိုဝင်း​နေအိမ်​အတွင်း၌ ထိုင်​​နေသူ မလာလ်းထန်​​မွေးအီး(၁၁/၂၀၁၇ နှစ်​)၊ (အဘ)ဦးရိုထန်းလျန်​၊ ​ကျောင်းသူတွင်​ ​ယာဘက်​မျက်​ခုံးစွန်းညိုမည်းဒါဏ်​ရာတစ်​ချက်​ ရရှိပြီး ရိ​ခေါဒါရ်​မြို့ တိုက်​နယ်​​ဆေးရုံသို့ ​ဆေးစာဖြင့်​ ​ဆေးကုသမှုခံယူ​နေ​ကြောင်း သိရသည်​။


ယာဉ်​မဆင်​မခြင်​​မောင်းနှင်​၍ လူအား ထိခိုက်​နစ်​နာ​စေသူ ယာဉ်​​မောင်း ကိုင်​ဇင်းငှာအား ဥပ​ဒေအရ အ​ရေးယူ​ပေးပါရန်​ ရိ​ခေါဒါရ်​နယ်​​မြေရဲစခန်းမှ လ-၂၂၄၇၆၆ ဒုတပ်​ကြပ်​ စ​ဇော်​မင်းထက်​မှ တရားလိုပြုလုပ်​၍ ရိ​ခေါဒါရ်​နယ်​​မြေရဲစခန်းမှ ယာဉ်​(ပ)၁/၂၀၁၇ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ- ၂၇၉/၃၃၈ အရ အမှုဖွင့်​ပြီး အမှုစစ်​ စခန်းမှူး လ-၁၇၂၃၆၂ ရဲအုပ်​ သန်းနိုင်​ညိုမှ စစ်​​ဆေး​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း သိရသည်​။

ရိ​ခေါဒါရ် (ပြန်/ဆက်)

ရိ​ခေါဒါရ်​မြို့တွင်​ ယာဉ်​တစ်​စီး ဘရိတ်​​ပေါက်​၍ အရှိန်​မထိန်းနိုင်​ပဲ လမ်း​ဘေးလူ​နေအိမ်​ တစ်​လုံး ၀င်​တိုက်​တိမ်း​မှောက်​မှုဖြစ်​ပွား  ရိ​ခေါဒါရ်​မြို့တွင်​ ယာဉ်​တစ်​စီး ဘရိတ်​​ပေါက်​၍ အရှိန်​မထိန်းနိုင်​ပဲ လမ်း​ဘေးလူ​နေအိမ်​ တစ်​လုံး ၀င်​တိုက်​တိမ်း​မှောက်​မှုဖြစ်​ပွား Reviewed by THITHTOOLWIN on 16:52 Rating: 5
Powered by Blogger.