အမြန်​လမ်းတွင်​ ​ရွှေပုလဲသီ ခရီးသည်​တင်​ Express ယာဉ်​ လမ်း​ဘေး​ရေ​မြောင်း​ဘောင်​တိုက်​မိ


နေပြည်​​တော်​၊ ​မေ ၂၄

ရန်​ကုန်​-မန္တ​လေး အမြန်​လမ်းမကြီး၏ မိုင်​တိုင်​အမှတ်​ ၃၂/၄ နှင်​ ၅ အကြား ​နေပြည်​​တော်​ဘက်​မှ ရန်​ကုန်​ဘက်​သို့ ယာဉ်​​မောင်း တင်​​သောင်း ​မောင်းနှင်​လာ​သော ​ရွှေပုလဲသီ ခရီးသည်​တင်​ Express ​မော်​​တော်​ယာဉ်​မှာ မေလ ၂၄ရက်နေ့ ယ​နေ့မွန်းလွဲ ၁၂ နာရီခွဲက အရှိန်​မထိန်းနိုင်​ဘဲလမ်း​ဘေး ​ရေ​မြောင်း​ဘောင်​ကို တိုက်​မိမှုဖြစ်​ပွားခဲ့သည်​။


ဖြစ်​စဉ်​​ကြောင်​ ယာဉ်​​ပေါ်တွင်​ ယာဉ်​​မောင်းပါ သံဃာ ၄ ပါး၊ အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၁၀ ဦး ၊စုစု​ပေါင်း ၃၇ ဦး တို့မှာထိခိုက်​မှုမရှိ​သော်​လည်း ယာဉ်​မှာ အနည်းငယ်​ ပျက်​စီး သွားခဲ့သည်​။

သို့ပါ၍ ယာဉ်​ကိုမဆင်​မခြင်​​ပေါ့ဆစွာ​မောင်းနှင်​သူExpress ယာဉ်​​မောင်းအား ယာဉ် (ပ)၁၀/၂၀၁၇ ရာဇသတ်​ကြီးပုဒ်​မ ၂၇၉ အရ ​ဘောနတ်​ကြီးအမြန်​လမ်းရဲတပ်​ဖွဲ့မှ အမှုဖွင့်​စစ်​​ဆေးလျှက်​ရှိ​ကြောင်း သိရသည်​။

Nan Myat Oo (fb)
အမြန်​လမ်းတွင်​ ​ရွှေပုလဲသီ ခရီးသည်​တင်​ Express ယာဉ်​ လမ်း​ဘေး​ရေ​မြောင်း​ဘောင်​တိုက်​မိ အမြန်​လမ်းတွင်​ ​ရွှေပုလဲသီ ခရီးသည်​တင်​ Express ယာဉ်​ လမ်း​ဘေး​ရေ​မြောင်း​ဘောင်​တိုက်​မိ Reviewed by THITHTOOLWIN on 16:23 Rating: 5
Powered by Blogger.