အစွန်းရောက် ဘာသာရေးအဖွဲ့တွေကို ထောက်ပံ့ငွေ ကျပ်သန်း ၅၀၀၀ ခန့်ရှိ

( သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို မေလ ၂၄ ရက်နေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်စင်တာ ၂ မှာ ကျင်းပတဲ့ ၂၁ ပင်လုံအစည်းအဝေးမစတင်မီမှာ တွေ့ရစဉ် ) Photo: Win Ko Ko Latt/ RFA
အစွန်းရောက်ဘာသာရေးအဖွဲ့တွေကို လှုပ်ရှားနိုင်အောင် ထောက်ပံ့တဲ့ငွေဟာ ကျပ်သန်းငါးထောင် ခန့်ရှိတယ်ဆိုပြီး သတင်းရထားတယ်လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဒီကနေ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင် စင်တာ ၂ မှာ ကျင်းပတဲ့ ၂၁ ပင်လုံ အစည်းအဝေး မစတင်မီမှာ သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းခဲ့ပေမယ့် ဘဏ်တွေဘက်က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ဘူးလို့လည်း ၀န်ကြီးက ပြောပါတယ်။

အဲဒီဘာသာရေးအဖွဲ့အစည်းတွေကို ထောက်ပံ့တဲ့အဖွဲ့အစည်းဟာ ဘယ်အဖွဲ့အစည်းလဲဆိုတာ မပြောကြားပေမယ့် နောက်ကြောင်းပြန် လှည့်လိုသူတွေဖြစ်တယ်လို့သူရဦးအောင်ကိုက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလည်း ဗဟိုဘဏ်က တဆင့်မေးမြန်းတာမှာ ဘာသာရေးအဖွဲ့တွေက အမရာဘဏ်မှာ ကျပ်သိန်း သုံးထောင်အပ်နှံထားတယ်လို့ ဗဟိုဘဏ်က အကြောင်းပြန်တယ် လို့ သူရဦးအောင်ကိုက ပြောပါတယ်။

ဒါ့အပြင် မကြာခင်က နေပြည်တော်မှာ မျိုးချစ်အမည်ခံတွေက သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး နှုတ်ထွက်ဖို့ဆန္ဒပြတာမှာ ငွေကျပ်သိန်းထောင်နဲ့ချီ သုံးစွဲခဲ့တယ်လို့လည်း သူရဦးအောင်ကို ကပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အစွန်းရောက် ဘာသာရေးအဖွဲ့တွေကို ထောက်ပံ့ငွေ ကျပ်သန်း ၅၀၀၀ ခန့်ရှိ အစွန်းရောက် ဘာသာရေးအဖွဲ့တွေကို ထောက်ပံ့ငွေ ကျပ်သန်း ၅၀၀၀ ခန့်ရှိ Reviewed by THITHTOOLWIN on 17:25 Rating: 5
Powered by Blogger.