ရေတာရှည်မြို့တွင် ၁၂ဘီးကား က ဆိုက်ကားကို ဝင်တိုက်၊ ဆိုက်ကား ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်သေဆုံး


ရေတာရှည်၊ မေ ၃၀ ။

ယနေ့ မေလ ၃၀ ရက်နေ့ နံနက် ၆း၃၀ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် တောင်နန်းချွန် ကျေးရွာ ၊ ရန်ကုန် - မန္တလေး ပုံမှန်ကားလမ်း ပေါ်တွင် ဆိုက် ကားတစ်စီးအား ၁၂ ဘီးကုန်တင်ယာဉ်က၀င်တိုက်မိခဲ့၍ ဆိုက်ကား ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်သေဆုံး သွားကြောင်း ယာဉ်တိုက်သည့်နေရာသို့သွားရောက်ကူညီပေးခဲ့သူ နည်းပညာတက္ကသိုလ်(တောင်ငူ)ကျောင်းသားလူငယ် ပရဟိတ အသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

“ကားက အရှိန်လွန်ပြီးဆိုက်ကားကိုဝင်တိုက်မိခဲ့တာလို့ သိရပါတယ် ။ ယာဉ်တိုက်မှု ကြောင့် ဆိုက်ကား နင်းသူ ဒဏ်ရာများ ရရှိခဲ့ပါတယ်။ စိုးရိမ်ရ ပါတယ်။ ဆိုက်ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်အမျိုးသားကတော့နေရာမှာပဲသေဆုံးခဲ့ပါတယ်။ သေဆုံး၊ ဒဏ်ရာရတဲ့သူတွေကို ကျွန်တော်တို့ အသင်းကားနဲ့ ရေတာရှည် ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု၎င်းကပြောသည်။

ကျော်သူဝင်း(တောင်ငူ)
PHOTO = KTW
The Asia Heart News
ရေတာရှည်မြို့တွင် ၁၂ဘီးကား က ဆိုက်ကားကို ဝင်တိုက်၊ ဆိုက်ကား ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်သေဆုံး ရေတာရှည်မြို့တွင် ၁၂ဘီးကား က ဆိုက်ကားကို ဝင်တိုက်၊ ဆိုက်ကား ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်သေဆုံး Reviewed by THITHTOOLWIN on 14:21 Rating: 5
Powered by Blogger.