ကာဘူးလ်မှာ ကားဗုံးပေါက်၊ အနည်းဆုံး လူ ၄၉ ယောက် သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့တော်ရဲ့ သံတမန်ရပ်ကွက်မှာ အားပြင်းတဲ့ ကားဗုံး တလုံး ပေါက်ကွဲခဲ့ပြီး အနည်းဆုံး လူ ၄၉ ယောက် သေဆုံးကာ ၃၂၀ ဒဏ်ရာ ရခဲ့ပါတယ်။

မနက်ပိုင်း လူစည်ကားချိန် Zanbaq ရင်ပြင်က ဂျာမနီ သံရုံးနားမှာ ပေါက်ကွဲခဲ့တဲ့ အဲဒီ ဗုံးကြောင့် အရပ်သားအများစု သေဆုံးခဲ့ပါတယ်။


ပေါက်ကွဲမှု အရှိန်က ပြင်းလွန်းလို့ မီတာ ရာကျော် ဝေးတဲ့ အဆောက်အအုံတွေက တံခါးနဲ့ ပြတင်းပေါက်တွေတောင် ကျိုးပဲ့ လွင့်စင် ကုန်ပါတယ်။

အခုလောလောဆယ်မှာ ဒီ အကြမ်းဖက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာတာ မရှိသေးပေမယ့် အာဖဂန်က လတ်တလော တိုက်ခိုက်မှုတွေကို တာလီဘန်ကော၊ အိုင်အက်စ် အဖွဲ့ကောက လုပ်ဆောင်နေပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese
ကာဘူးလ်မှာ ကားဗုံးပေါက်၊ အနည်းဆုံး လူ ၄၉ ယောက် သေဆုံး ကာဘူးလ်မှာ ကားဗုံးပေါက်၊ အနည်းဆုံး လူ ၄၉ ယောက် သေဆုံး Reviewed by THITHTOOLWIN on 14:27 Rating: 5
Powered by Blogger.