ဖားကန့်ဒေသတွင် တရားမ၀င် မြေစာသယ်ယာဉ်လေးထောင်ကျော်ရှိ ဟု ၀န်ကြီးပြော


မေ ၂၂

ဖားကန့်ဒေသသို့ ရောက်ရှိနေသည့် ကျောက်စိမ်းတူးဖော်ရာတွင်အသုံးပြုသော မြေစာသယ်ယာဉ် (စက် ယန္တရား) ၁ သောင်း ၂ ထောင်ခန့်အနက် လေးထောင်ကျော်သည် တရားမ၀င် ၀င်ရောက်နေခြင်းဖြစ်သည်ဟု သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဦးံလအောင်က ပြောသည်။

”သွားစစ်လိုက်တဲ့အခါကျတော့ မြေစာသယ်ယာဉ်တစ်သောင်းကျော်ရှိတယ်။ တစ်သောင်းကျော်ထဲမှာမှ တ ကယ် တရားဝင်တဲ့ယာဉ်က အစီးရေခြောက်ထောင်ပဲရှိတယ်။ လေးထောင်ကျော်က တရားမ၀င်ဖြစ်နေတယ်။ အဲဒီလေးထောင်ကျော်ကို ဥပဒေအရ အရံအနေနဲ့ထားဖို့ မှတ်ချက်ပြုထားတာတွေ့ရတယ်”ဟု ၀န်ကြီးက ပြော သည်။

ထို့အပြင် ဖားကန့်တွင် သက်တမ်းရှိ ကျောက်မျက်လုပ်ကွက်ပေါင်း ၅၉၉၄ ကွက်ရှိပြီး နိုင်ငံတော်နှင့်အကျိုး တူ လုပ်ကိုင်နေသည့် လုပ်ကွက်မှာ ၂၄၈ ကွက်သာရှိကာ ကျန် ၅၇၄၆ ကွက်သည် ပုဂ္ဂလိက လုပ်ကိုင်သည့် လုပ်ကွက်များဖြစ်သည်ဟု သိရသည်။

”ကုမ္ပဏီအများစုကကြည့်ရတာ ၂၀၂၀ အထိ လုပ်ကြမယ့် သဘောရှိတယ်။ တချို့ကုမ္ပဏီတွေက သက် တမ်းတိုးခွင့်တောင်းတယ်။ ဒါပေမယ့် ကျွန်တော်တို့ အစိုးရတက်လာတော့ လူ့အခွင့်အရေးစနစ် သွားဖို့အတွက် EMP (Enbiromental Management Plan ရေးဆွဲပြီးတော့ စိစစ်မယ်။ နိုင်ငံတော်အတွက် အကျိုးပြု/မပြု ကြည့်ပြီးမှ လုပ်ကွက်ချပေးမယ်/မချပေးဘူး ဆိုတာ ဆုံးဖြတ်ရမယ့်အပိုင်း ရှိပါတယ်”ဟု ၀န်ကြီးကဆက်လက် ပြောသည်။

ဖားကန့်ဒေသအတွင်း လစ်လပ်နေသော ကျောက်မျက်လုပ်ကွက်ပေါင်း ၂၀၀ ကျော်ရှိကြောင်း၊ အစိုးရ သစ်လက်ထက်တွင် သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၅ ရက်မှ စတင်ကာ သက်တမ်းကုန်ဆုံးသွားသည့် လုပ်ကွက်များနှင့် အသစ်တူးဖော်လို သည့် လုပ်ကွက်များအား ပါမစ်ပိတ်ထားခဲ့ပြီး ယင်းတို့အား ထပ်မံ သက်တမ်းတိုးခြင်း၊ လုပ်ကွက်အသစ်ချထား ပေးခြင်းများပြုလုပ်ပေးတော့မည် မဟုတ်ကြောင်းလည်း သိရသည်။

စည်သူ(မြစ်ကြီးနား)
Myitkyina News Journal
http://www.myitkyinanewsjournal.com
ဖားကန့်ဒေသတွင် တရားမ၀င် မြေစာသယ်ယာဉ်လေးထောင်ကျော်ရှိ ဟု ၀န်ကြီးပြော ဖားကန့်ဒေသတွင် တရားမ၀င် မြေစာသယ်ယာဉ်လေးထောင်ကျော်ရှိ ဟု ၀န်ကြီးပြော Reviewed by THITHTOOLWIN on 19:01 Rating: 5
Powered by Blogger.