ကျောက်စိမ်းတုံးများ တရားမ၀င်သယ်ဆောင်လာသည့် မော်တော်ဆိုင်ကယ် ၁၂ စီးဖမ်းဆီးရမိ


နေပြည်တော် ဧပြီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းသည် ဧပြီ ၂၇ ရက် နံနက် ၁၀ နာရီခန့်တွင် ရွှေပြည်သာကျေးရွာ၏ အရှေ့တောင်ဘက် ၁၅ မိုင် ခန့်အကွာ၌ ရွှေပြည်သာကျေးရွာဘက်မှ တာမခံမြို့သစ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် ၁၂ စီးအား ရပ်တန့်စစ်ဆေးရာ ဦးယမင်းစိုး၊ ဦးဝေဖြိုးအောင်၊ ဦးနေဇာအောင်၊ ဦးမြင့်ဦး၊ ဦးအောင်ရန်၊ ဦးညွန့်ဖေ၊ ဦးအောင်နိုင်ဝင်း၊ ဦးအောင်ထွေး၊ ဦးတင်ဝင်း၊ ဦးမျိုးမြင့်ဦး၊ ဦးဝင်းမင်းကျော်၊ ဦးဝင်းမြင့်နှင့် ဒေါ်ထွေးမြတို့ကို တရားမ၀င်သယ်ဆောင်လာသည့်ကျောက်စိမ်းတုံး ၃၄၉ တုံး(ခန့်မှန်း ၂ တန်ခန့်) တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၊ ကျောက်စိမ်းတုံးများနှင့် မော်တော်ဆိုင်ကယ်တို့ကို ခန္တီးမြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
ကျောက်စိမ်းတုံးများ တရားမ၀င်သယ်ဆောင်လာသည့် မော်တော်ဆိုင်ကယ် ၁၂ စီးဖမ်းဆီးရမိ ကျောက်စိမ်းတုံးများ တရားမ၀င်သယ်ဆောင်လာသည့် မော်တော်ဆိုင်ကယ် ၁၂ စီးဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:29 Rating: 5
Powered by Blogger.