သာကေတ အစ္စလာမ်ကျောင်း ၂ ကျောင်း တရားမဝင် ဝတ်ပြုလို့ ချိတ်ပိတ်

(ရန်ကုန်မြို့၊ သာကေတမြို့နယ် အနော်မာ ၁ ရပ်ကွက်မှာရှိတဲ့ အစ္စလာမ်ဘာသာရေး ကျောင်း ၂ ကျောင်းကို ဧပြီလ ၂၈ ရက်နေ့က သော့ခတ် ချိတ်ပိတ်ထားပုံ)Photo: Kyaw Zaw Win/RFA
ရန်ကုန်မြို့၊ သာကေတမြို့နယ် အနော်မာ ၁ ရပ်ကွက်မှာရှိတဲ့ အစ္စလာမ်ဘာသာရေး ကျောင်း ၂ ကျောင်းကို ပိတ်ပေးဖို့ အမျိုးသားရေး လှုပ်ရှားသူ ဆိုသူတွေက ဖိအားပေးတဲ့အတွက် အာဏာပိုင်တွေက ဒီကနေ့ညနေပိုင်းက ချိတ်ပိတ်လိုက်ပါတယ်။

အပြစ်မရှိပေမယ့် ပြဿနာ ပိုမိုကြီးထွားမလာအောင် ယာယီပိတ်သိမ်းတာပါဆိုပြီး အာဏာပိုင်တွေက ပြောတယ်လို့ အနော်မာ ၁၂ လမ်းက ပိတ်သိမ်းခံရတဲ့ ဘာသာရေး ကျောင်းရဲ့ ဥက္ကဌ ဦးတင်ရွှေက ပြောပါတယ်။

"မယကဦးစီးရယ်၊ သာသနာရေးဦးစီးရယ် ၂ ယောက်က လာပါတယ်၊ ရဲမှူးတွေပါပါတယ်၊ ခင်ဗျားတို့ ဘာကြောင့်ပိတ်တာလဲ၊ ကျနော်တို့မှာ တရားဝင် စာရွက်စာတမ်းရှိတယ်၊ ကျနော်တို့မှာ အပြစ်ရှိလို့လား ဒါ ခင်ဗျားတို့ ချိတ်ပိတ်တယ်ဆိုတာ အပြစ်ရှိလို့ အရေးယူတာပါပြောတော့ မဟုတ်ဘူးဆိုပြီးတော့ ဦးစီးကရော သာသနာရေးဦးစီး ပါးစပ်ကရော မယကဦးစီးကရော ဒီကိစ္စ ပြဿနာကြီးထွားသွားမှာစိုးလို့ ယာယီထိန်းသိမ်းထားပါတယ်ဆိုတဲ့ ကျနော်တို့ကို ပြောပါတယ်"

သာကေတမြို့နယ်၊ အနော်မာ ၁၁ လမ်းနဲ့ ၁၂ လမ်းမှာ ရှိတဲ့ အစ္စလာမ် ဘာသာရေး ကျောင်း ၂ ခုမှာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုတဲ့အတွက် ပိတ်ပေးဖို့ဆိုပြီး အမျိုးသားရေး လှုပ်ရှားသူတွေ ဆိုတဲ့ လူ ၁၅ဝ လောက်က ဒီကနေ့ ညနေပိုင်းက ဖိအားပေးခဲ့တာဖြစ်ပါတယ်။

အဲဒီလိုဖိအားပေးတဲ့အတွက် ဘာသာရေးကျောင်းတွေက တာဝန်ရှိသူတွေနဲ့ အမျိုးသားရေး လှုပ်ရှားသူတွေ၊ သက်ဆိုင်ရာအာဏာပိုင်တွေ ဆွေးနွေးခဲ့အပြီးမှာ အခုလို ချိတ်ပိတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီလို ဖိအားပေးသူတွေဟာ ရပ်ကွက်မှာ နေထိုင်သူတွေမဟုတ်ကြောင်းနဲ့ ရပ်ကွက်က ဌာနေ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကြားမှာ သင့်မြတ်မှုရှိကြောင်း ဦးတင်ရွှေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
သာကေတ အစ္စလာမ်ကျောင်း ၂ ကျောင်း တရားမဝင် ဝတ်ပြုလို့ ချိတ်ပိတ် သာကေတ အစ္စလာမ်ကျောင်း ၂ ကျောင်း တရားမဝင် ဝတ်ပြုလို့ ချိတ်ပိတ် Reviewed by THITHTOOLWIN on 06:44 Rating: 5
Powered by Blogger.