လေယာဉ်ပြေးလမ်းအပြင်ဘက် တွင် ဆဲလ်ဖီ (Selfie) ရိုက်နေသည့် မက္ကဆီကို မိန်းကလေးနှစ်ဦး လေယာဉ်တိုက်မိ၍ သေဆုံး

ဆဲလ်ဖီ (Selfie) ရိုက်နေသူ တစ်ဦးအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    မက္ကဆီကို စီးတီး၊ မတ် ၂၈ ရက် (ဆင်ဟွာ)

    မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း ရှိ လေယာဉ်ပြေးလမ်းတစ်ခု၏ အပြင်ဘက် ၌ ဆဲလ်ဖီ (Selfie) ရိုက်နေသော မက္ကဆီကို မိန်းကလေးနှစ်ဦးအား လေယာဉ်ငယ်တစ်စီး က ဝင်ရောက်တိုက်မိခဲ့၍ သေဆုံးခဲ့ကြောင်း သတင်းဋ္ဌာနတစ်ခု က မတ်လ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ဝမ်းနည်းဖွယ် မတော်တဆမှုသည် နိုင်ငံမြောက်ပိုင်း ချီဟွာဟွာပြည်နယ်၊ ချီနီပါ့စ်မြို့တွင် မတ်လ ၂၅ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ နှစ်ဦးအား ယင်းနေ့ ညနေပိုင်း၌ပင် မြေမြှုပ်သဂြိုလ်ခဲ့ကြောင်း ပြည်တွင်းနေ့စဉ်သတင်းစာ El Heraldo de Chihuahua က ဖော်ပြခဲ့သည်။

အသက် ၁၈ နှစ် နှင့် ၁၇နှစ် အရွယ် Nitzia Mendoza နှင့် Clarissa Morquecho အမည်ရှိ မက္ကဆီကို မိန်းကလေးနှစ်ဦးသည် ကုန်တင်ကားတစ်စီးပေါ်တက်၍ ၎င်းတို့၏ မိုဘိုင်းဖုန်းများဖြင့် ဆဲလ်ဖီ (Selfie) ရိုက်နေစဉ်  လေယာဉ်တောင်ပျံနှင့် တိုက်မိ၍ သေဆုံးခဲ့ကြောင်း အခြားနေ့စဉ်သတင်းစာ တစ်စောင်ဖြစ်သည့် El Diario de Chihuahua ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ မိန်းကလေးနှစ်ဦးသည် လေယာဉ်ပြေးလမ်း အပြင်ဘက် တစ်လျှောက် ကျင်းပနေသည့် မြင်းပြိုင်ပွဲသို့ လာရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းစာ နှစ်ခုစလုံးကဖြော်ပခဲ့သည်။

အရေအတွက် အတိအကျဖော်ပြရန် ခက်ခဲသော်လည်း ကမ္ဘာတစ်ဝန်းတွင် ဆဲလ်ဖီ (Selfie) ရိုက်ကူးမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိမှု (သို့) သေဆုံးသူ အများအပြားရှိခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
လေယာဉ်ပြေးလမ်းအပြင်ဘက် တွင် ဆဲလ်ဖီ (Selfie) ရိုက်နေသည့် မက္ကဆီကို မိန်းကလေးနှစ်ဦး လေယာဉ်တိုက်မိ၍ သေဆုံး  လေယာဉ်ပြေးလမ်းအပြင်ဘက် တွင် ဆဲလ်ဖီ (Selfie) ရိုက်နေသည့် မက္ကဆီကို မိန်းကလေးနှစ်ဦး လေယာဉ်တိုက်မိ၍ သေဆုံး Reviewed by THITHTOOLWIN on 14:38 Rating: 5
Powered by Blogger.