ငပလီမှရန်ကုန်သို့အပြန် နိုင်ငံခြားသားခရီးသည်များ တင်ဆောင်လာသည့် မီနီဘတ်ယာဉ် ချောက်ထဲပြုတ်ကျ


နိုင်ငံခြားသားခရီးသည်တွေပါဝင်တဲ့ ငပလီကနေ ရန်ကုန်ကိုပြန်လာတဲ့ မီနီဘတ်အငှားယာဉ် တစ်စီးဟာ မတ်လ(၂၇)ရက် ညနေ (၄)နာရီခွဲက ဧရာဝတီတိုင်းနဲ့  ရခိုင်ပြည်နယ်စပ်ကြား မိုင်တိုင်(၁၈)မှာ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကိုပြုတ်ကျမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့  ဒေသခံမျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 အဲဒီအငှားယာဉ်ပေါ်မှာ နိုင်ငံခြားသား(၁၄)ဦး၊ မြန်မာနိုင်ငံသား(၃)ဦး ပါဝင်ခဲ့တာဖြစ်ပြီး အငှားယာဉ်မီနီဘတ်ဟာပေ(၈၀၀)ခန့်  အနက်ရှိတဲ့ ချောက်အတွင်းပြုတ်ကျခဲ့တာ ဖြစ်ပေမယ့် ချောက်အတွင်းဝါးရုံတောတွေခံနေခဲ့တဲ့အတွက် ပေ(၅၀)လောက်သာပြုတ်ကျခဲ့ပြီး သေဆုံးမှုမရှိဘဲ ထိခိုက်ဒဏ်ရာအနည်းငယ်လောက်ဘဲရရှိခဲ့တယ်လို့  သိရပါတယ်။


 နိုင်ငံခြားသား(၁၄)ဦး ကတော့ ရန်ကုန်ဘက်ကိုပြန်လာတဲ့ခရီးသွားကားတွေက ခေါ်သွားခဲ့ပြီး မြန်မာ(၃)ဦးကလည်း ကားကြုံတွေနဲ့ ပြန်လည်လိုက်ပါခဲ့ပါတယ်။ မီနီဘတ်ယာဉ်မောင်းကိုတော့ မတွေ့ ရတော့ဘူးလို့  မီနီဘတ်အငှားယာဉ်နဲ့ လိုက်ပါလာတဲ့မြန်မာလူငယ်တစ်ဦးက ပြောပြခဲ့တာကို ဒေသခံမျက်မြင် ခရီးသွားတစ်ဦးဖြစ်တဲ့ ကိုကျော်စွာဦးက ပြောပါတယ်။

အခုလိုမတော်ဆမှုဖြစ်ပွားခဲ့တဲ့နေရာဟာလည်း တောင်ဆင်းတောက်တက်တွေနဲ့ အကွေ့အကောက်တွေ များပြားတဲ့အတွက် ကျွမ်းကျင်တဲ့ယာဉ်မောင်းတွေနဲ့သာ လာရောက်သင့်တယ်လို့  ဒေသခံတွေက ဆိုပါတယ်။ အခုဖြစ်စဉ်နဲ ပတ်သတ်ပြီးတော့လည်း သက်ဆိုင်ရာမြို့နယ်ရဲစခန်းကနေလည်း အရေးယူဆောင်ရွက်မှုတွေပြုလုပ်နေပါတယ်လို့ သိရပါတယ်။ ဒီသတင်းကို Central News Bureau က အောင်ဖြိုးနိုင် ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ငပလီမှရန်ကုန်သို့အပြန် နိုင်ငံခြားသားခရီးသည်များ တင်ဆောင်လာသည့် မီနီဘတ်ယာဉ် ချောက်ထဲပြုတ်ကျ ငပလီမှရန်ကုန်သို့အပြန် နိုင်ငံခြားသားခရီးသည်များ တင်ဆောင်လာသည့် မီနီဘတ်ယာဉ် ချောက်ထဲပြုတ်ကျ Reviewed by THITHTOOLWIN on 10:42 Rating: 5
Powered by Blogger.