ချောက်မြို့ တွင် နေအိမ်တစ်လုံး ဝါယာရှော့ဖြစ် မီးလောင်
ချောက် မတ် ၂၃
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ အမှတ်( ၅ )ရပ်ကွက် တမာတန်းရပ်နေ နခ ( ၂၃၄ ) အရာထမ်း အိမ်တစ်လုံး မတ် ၂၃ ၊ ၀၀:၂၀ အချိန်ကစတင် လောင်ကျွမ်းခဲ့သည်။
ဖြစ်စဉ်မှာ တမာတန်းရပ်နေ ဦးနေမျိုးထွန်း အသက် (၃၇)နှစ် (ဘ) ဦးရွှေ၊ ရေနံအငယ်တန်း အင်ဂျင်နီယာ(၁) လျှပ်စစ်ဌာန ချောက်ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းပိုင် နခ( ၂၃၄) ၌ သွယ်တန်းထားသော ဝါယာကြိုး အပူရှိန်မြင့်မား မှုကြောင့် မီးလောင်မှုဖြစ်ပွားရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲထွေးအောင်နှင့်မီး သတ်တပ်ဖွဲ့ဝင်များ၊ ချောက်မြို့မစခန်မှူးဒုရဲမှူးခင်မောင်ရွှေနှင့် တပ်ဖွဲ့ဝင်များ၊ ရေနံမီးသတ်ဌာနမှ တာဝန်ခံ ဦးနန္ဒနှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက မီးငြိမ်း
သတ်ယာဉ် (၄) စီး မီးသတ်ရေသယ်ယာဉ် (၇)စီး၊ မြို့အထောက်အကူပြု၊ မနောဖြု၊ မြကန်သာ လူမှုရေးအသင်း အဖွဲ့မှ(၃)စီး ဝိုင်းဝန်းငြိမ်းသတ် ရာ ၀၀:၄၅ အချိန်တွင် မီးငြိမ်းသွားကြောင်းနှင့် အလျား(၃၀)ပေ အနံ(၂၄)ပေ၊ အမြင့် (၂၄)ပေနှစ်ထပ်၊ သွပ် မိုးထရံကာပျဉ်ခင်း လူနေအိမ်တစ်လုံးမီး လောင်ကျွမ်းမှုဖြစ်ခဲ့ပြီး၊ ကျား(၁)မ(၁) အိုးမဲ့အိမ်မဲ့ဖြစ်ပြီး လူတိရိစ္ဆာန်ထိခိုက် ဒဏ်ရာ ရမှုမရှိ၊ မီးပေါ့ဆသူ ဦးနေမျိုးထွန်းအား ချောက်မြို့မ ရဲစခန်း(ပ) ၇၈/၂၀၁၇ / ရာဇသတ်ကြီး ပုဒ်မ ၂၈၅အရ အမှုဖွင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
ကျော်မိုး ( ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Powered by Blogger.