နိုင်ဂျီးရီးယားတွင် ယာဉ်တစ်စီး မီးလောင်ခဲ့၍ လူ ၂၃ဦးသေဆုံး

နိုင်ဂျီးရီးယားတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    အဘူဂျာ၊ မတ် ၂၃ ရက် (ဆင်ဟွာ)

    နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကတ်ဘီပြည်နယ်တွင် မတ်လ ၂၂ ရက်က ဗင်ကားတစ်စီး လမ်းဘေးမြောင်းအတွင်း ပြုတ်ကျကာ မီးလောင်မှုဖြစ်ပွားခဲ့၍ လူ ၂၃ဦးသေဆုံးပြီး အခြား ၈ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒေသခံတာဝန်ရှိသူတစ်ဦးဖြစ်သူ ဂါဘာ ဆာလီဟူ က ယာဉ်မတော်တဆမှုတွင် ကုန်သည်များလိုက်ပါလာသည့် ဗင်ကားတစ်စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီး တို့ ပါဝင်ခဲ့ကြောင်း ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ ဆင်ဟွာသို့ အတည်ပြုပြောကြားခဲ့သည်။

၎င်းက ဗင်ကားသည်  ရှန်ဂါဒေသ ရှိ ထွန်ဂါ ဂီဝါ-ရူဝါ လမ်းမပေါ်၌ ဆိုင်ကယ်မောင်းသူတစ်ဦး အား တိုက်မိပြီးနောက် လမ်းပေါ်ရှိ ချိုင့်ခွက်တစ်ခုအား ရှောင်တိမ်းလိုက်ရာမှ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

ကတ်ဘီပြည်နယ် အုပ်ချုပ်ရေးမှူး အတီကူ ဘာဂူဒူ က ဒဏ်ရာရရှိသူများအား နိုင်ငံပိုင် ဆေးကုသရေးဋ္ဌာနတွင် အခမဲ့ကုသပေးထားကြောင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
နိုင်ဂျီးရီးယားတွင် ယာဉ်တစ်စီး မီးလောင်ခဲ့၍ လူ ၂၃ဦးသေဆုံး နိုင်ဂျီးရီးယားတွင် ယာဉ်တစ်စီး မီးလောင်ခဲ့၍ လူ ၂၃ဦးသေဆုံး Reviewed by THITHTOOLWIN on 17:20 Rating: 5
Powered by Blogger.