ကျော်တော် မီးလောင်မှု ဆီဆိုင် ၄၁ ဆိုင် အပါအ၀င် စုစုပေါင်း ၄၅ ဆိုင် မီးလောင်ကျွမ်း

ကျောက်တော်မြို့  ပြည်တော်သာရပ်ကွက် မြို့ဝင်လမ်း၌ မီးလောင်မှုဖြစ်ပွား
မတ် ၁၅၊၂၀၁၇

ကျောက်တော်မြို့  ပြည်တော်သာရပ်ကွက် မြို့အဝင်လမ်း လောင်စာဆီရောင်းချသည့် ဆီဆိုင်တန်းတွင် ယနေ့ည နေ ၆ နာရီခွဲက မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီလောင်မှုအား မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ကား ၂ စီးဖြင့်မီးငြိမ်းသတ်ခဲ့ရာ ည၈ နာရီကျော်တွင် မီးညွှန့်ကျိုးသွားခဲ့ပြီး ည၉ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ဆီဆိုင် ၄၁ ဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင် ၁ ဆိုင်၊ လက်ဖက်ရည်ဆိုင် ၁ ဆိုင်၊ ကားဝပ်ရှော့ဆိုင် ၁ ဆိုင် စုစုပေါင်း ၄၅ ဆိုင် အား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဆီဘောက်ဆာ မှ ဆီပေပါအတွင်းသို့ ဂေါက်တံဖြင့်လှည့်၍ ဆီဖြည့်နေစဉ် ဂေါက်တံနှင့် ဆီပေပါပွတ်တိုက်မှုကြောင့် မီးပွားကျရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ကနဦး စစ်ဆေးချက်အရ သိရှိရပြီး မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဘိုးအား စိစစ်ဆဲဖြစ်ကြောင်းလည်းသိရသည်။

မီးလောင်ကျွမ်းမှုအား သက်ဆိုင်ရာ တာဝန်ရှိသူများက အမှုဖွင့် အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom
ကျော်တော် မီးလောင်မှု ဆီဆိုင် ၄၁ ဆိုင် အပါအ၀င် စုစုပေါင်း ၄၅ ဆိုင် မီးလောင်ကျွမ်း ကျော်တော် မီးလောင်မှု ဆီဆိုင် ၄၁ ဆိုင် အပါအ၀င် စုစုပေါင်း ၄၅ ဆိုင် မီးလောင်ကျွမ်း Reviewed by THITHTOOLWIN on 23:59 Rating: 5
Powered by Blogger.