ရန်ကုန် - မန္တလေး ကားလမ်းတွင် မော်တော်ယာဉ် မျက်နှာချင်းဆိုင် တိုက်မိရာ လူတစ်ဦးသေ၊တစ်ဦးဒဏ်ရာရရှိ


ဝမ်းတွင်း မတ် ၁၅

 မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်အတွင်း ရန်ကုန် - မန္တလေးလမ်း မိုင်တိုင်၃၇၇/၃ တွင်မန္တလေးဘက် ဦးတည်ပြီး ယာဉ်မောင်းရဲပိုင်မောင်းနှင်သော လိုက်ထရပ်9I/3839သည် ကားကျော်တက်ရာ အရှိန်လွန်ကာ တဖက်ယာဉ်ကြောရှိ ရန်ကုန်ဘက်သို့ ဦးတင်ဝင်းမောင်းနှင်သည့် ဆီဘောက်ဆာတွဲကားကို မတ်လ၁၄ရက်ညနေ၃နာရီခွဲလောက်မှာ တိုက်မိရာ လိုက်ထရပ်ပေါ် ပါလာသော သူတစ်ဦး အခင်းဖြစ်နေရာတွင်သေဆုံးပြီး ရဲပိုင်မှာပြင်းထန်ဒဏ်ရာဖြင့် သတိမေ့နေကြောင်း သိရသည်။

 ဝမ်းတွင်းမြို့နယ် ရွှေတောင်ရဲစခန်းစခန်းမှူးရဲအုပ်ကျော်နိုင်စိုး မှ လိုက်ထရပ်ပေါ်လိုက်လာသူ
ယာဘက်ခြမ်းခေါင်းကွဲပြီး ဦးနှောက်ထွက် ဝဲဘက်နဖူးလဲချိုင့်ဝင် အမည်မသိ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ရဲပိုင်ဦးခေါင်းဝဲဘက် ချိုစောင်းပေါက်ပြဲ ဗိုက်နာတယ်ပြောပြီး သတိလစ်သွားသဖြင့် မန္တလေးဆေးရုံ ပို့လိုက်ရတယ်လို့သိရသည်။

 လိုက်ထရပ်ကားမှာ ရစရာမရှိလောက်အောင် ကြေမွသွားပြီး လူတစ်ယောက် ကားထဲညှပ်နေလို့ ရဲတွေနဲ့ဒေသခံတွေ ဝိုင်းပြီး ဆွဲထုတ်ရတယ် တစ်ယောက်ကတော့ ပွဲချင်းပီးသေသွားတယ်လို့ ဒေသခံကျွဲတပ်ရွာကဆရာဦးကျော်မြင့်ကပြောသည်။

 ၎င်းဖြစ်စဉ်ကြောင့်ယာဉ်(ပ)၁၄/၂၀၁၇ ဝမ်းတွင်းမြို့နယ်ရွှေတောင်ရဲစခန်းမှာ ယာဉ်မဆင်မခြင်မောင်းနှင်ခြင်းကြောင့် အခြားသူသေဆုံးစေသော ပြစ်မှု့ပုဒ်မ၃၀၄(က)ပြင်းထန်ဒဏ်ရာရစေသောပြစ်မှု့ ပုဒ်မ၃၃၈တို့ဖြင့် လိုက်ထရပ်ယာဉ်မောင်းရဲပိုင်ကို အမှု့ဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ခင်မောင်ဆွေ (မော်လူး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရန်ကုန် - မန္တလေး ကားလမ်းတွင် မော်တော်ယာဉ် မျက်နှာချင်းဆိုင် တိုက်မိရာ လူတစ်ဦးသေ၊တစ်ဦးဒဏ်ရာရရှိ ရန်ကုန် - မန္တလေး ကားလမ်းတွင် မော်တော်ယာဉ် မျက်နှာချင်းဆိုင် တိုက်မိရာ လူတစ်ဦးသေ၊တစ်ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 22:15 Rating: 5
Powered by Blogger.