သံလွင်မြစ်ကူးတံတား (ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးရန် အစိုးရအား တိုက်တွန်းကြောင်း အဆို အတည်ပြု


၂၀၁၇ ခုနှစ် မတ်လ ၁၄ ရက်၊ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်တို့အကြား သံလွင်မြစ်အပေါ် ထိုးထားသည့် တံတား အမည်အား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဇ။် အမည်နာမဖြင့် ဂုဏ်ပြု သတ်မှတ်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းသည့် အဆိုကို ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြပြီးနောက် မဲခွဲ အတည်ပြုပေးခဲ့ပါတယ်။


 အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၆ ဦးဆွေးနွေး ခဲ့တဲ့အနက် ကိုယ်စားလှယ် နှစ်ယောက်က ကန့်ကွက် ဆွေးနွေးခဲ့ကြပါတယ်။ အဆိုနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင်ကလည်း ထောက်ခံ ဆွေးနွေးခဲ့ပါတယ်။

 အဆိုကို အတည်ပြုဖို့ လွှတ်တော် ဥက္ကဌက မေးမြန်းရာမှာတော့ ကန့်ကွက်သူ ရှိတဲ့အတွက် စက်ခလုတ်နှိပ် မဲခွဲရာမှာ ထောက်ခံသူ ၂၁၇ မဲ၊ ကန့်ကွက်သူ ၄၃ မဲနဲ့ ကြားနေမဲ ၁၁၆ မဲ ရှိတဲ့အတွက် အဆိုကို အတည်ပြုပေးခဲ့ပါတယ်။ သတင်းအပြည့်အစုံကို ပြည်တွင်းသတင်းတွေမှာ ဆက်ပြီး တင်ပြပေးသွားပါဦးမယ်။ ဒီသတင်းကို လွှတ်တော်ချယ်နယ်က မင်းဇင် ပေးပို့ထားတာပါ။

Central News Bureau
https://www.facebook.com/skynetcnb
သံလွင်မြစ်ကူးတံတား (ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးရန် အစိုးရအား တိုက်တွန်းကြောင်း အဆို အတည်ပြု  သံလွင်မြစ်ကူးတံတား (ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးရန် အစိုးရအား တိုက်တွန်းကြောင်း အဆို အတည်ပြု Reviewed by THITHTOOLWIN on 15:39 Rating: 5
Powered by Blogger.