ယာဉ်စီးခမှန်ကန်စွာ မပေးဘဲ စီးနင်းပါက CCTV ဖြင့်မှတ်တမ်းတင် ဖော်ပြမည်


ရန်ကုန် ၊ ၁၄-၃-၂၀၁၇

ယာဉ်လိုင်းတချို့တွင် ယာဉ်စီးခ မှန်မှန်ကန်ကန် မပေးဘဲ စီးနင်းနေသည့် ခရီးသည် တချို့ရှိနေရာ CCTV ဖြင့် မှတ်တမ်းတင်ပြီး မီဒီယာတွင် ဖော်ပြမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ (YUPT) မှ သိရသည်။

ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူ ပို့ဆောင်ရေးကုမ္ပဏီ (YUPT)သည် ယာဉ်နောက်လိုက် မပါဘဲ ယာဉ်မောင်း တစ်ဦးတည်းသာ ပါရှိသည့်အတွက် ငွေပုံး (Cash Box) များ ထားရှိထားရာ ငွေပုံးများကို ရေတွက်စဉ် ငွေစက္ကူမဟုတ်သည့် စက္ကူအပြဲများနှင့် သုံးစွဲမရသည့် ငွေစက္ကူများ တွေ့ရှိရကြောင်း သိရသည်။

ထို့ပြင် ယာဉ်များပေါ်တွင် CCTV ငါးလုံး တပ်ဆင်ထားရာ ယာဉ်စီးခကို မှန်မှန်ကန်ကန် ငွေပုံးထဲသို့ ထည့်မစီးသည့် ခရီးသွားပြည်သူ များအား CCTV ၌ မှတ်တမ်းတင် ထားမည်ဖြစ်ပြီး မီဒီယာတွင် ဖော်ပြ သွားမည် ဖြစ်သည်။

''လောလောဆယ် ဘာမှအရေးယူ ဆောင်ရွက်ခြင်း မရှိသေးပါဘူး။ ဝန်ထမ်း တစ်ဦးလိုက်ပြီး ငွေအကြွေတွေ လဲပေးနေ ပါတယ်''ဟု ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (YUPT) မှ မန်နေဂျာ ဦးလှဌေး ကပြောသည်။

ထို့ပြင် ခရီးသွားပြည်သူများ အနေဖြင့် ပြည်သူမှ ပြည်သူသို့ ထိန်းကျောင်းသည့် စနစ်ဖြင့် ဆောင်ရွက်ပေး သွားပါရန် မေတ္တာ ရပ်ခံကြောင်းနှင့် YUPT မှ စီစဉ်ဆောင်ရွက် သည့် ဝါစိမ်းနီ ယာဉ်လိုင်းများတွင် Cash Box စနစ်ဖြင့် ဆောင်ရွက်နေသည့် ယာဉ်လိုင်းသုံးလိုင်း ရှိပြီး ၃၆ ယာဉ်လိုင်းတွင် ယာဉ်အစီးရေ ၃၈ စီး၊ ၂၈ ယာဉ်လိုင်းတွင် ယာဉ်အစီးရေ ၃ဝ၊ ၅၈ ယာဉ်လိုင်းတွင် ယာဉ်အစီးရေ ၃၅ စီးဖြင့် ပြေးဆွဲနေကြောင်း သိရသည်။

The Myawady Daily
https://www.facebook.com/TheMyawadyDaily/
ယာဉ်စီးခမှန်ကန်စွာ မပေးဘဲ စီးနင်းပါက CCTV ဖြင့်မှတ်တမ်းတင် ဖော်ပြမည်  ယာဉ်စီးခမှန်ကန်စွာ မပေးဘဲ စီးနင်းပါက CCTV ဖြင့်မှတ်တမ်းတင် ဖော်ပြမည် Reviewed by THITHTOOLWIN on 15:52 Rating: 5
Powered by Blogger.