အသက်မပြည့်သေးသည့် က​လေးငယ်​၂ဦး ဆိုင်​ကယ်စီးရာမှ ဆိုင်ကယ်​ချင်းတိုက်​မိသေဆုံး


က​လေး၊မတ်​ ၁၃။

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ကလေးမြို့၊မြို့သာရပ်ကွက် က​လေး-ဂန့်​​ဂေါ်လမ်းမကြီးပေါ်တွင်​ မတ်လ ၁၃ ရက်နေ့ မနက်​၁၀နာရီ၃၀မိနစ်​ခန့်​က ဆိုင်ကယ်ချင်းတိုက်မှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် ၂ ဦး သေဆုံးသွားခဲ့​ကြောင်းသိရသည်​။

သေဆုံးသွားတဲ့ကလေးတွေဟာ အသက် ၁၃ နှစ်၊ ၁၄ နှစ်ခန့်​အရွယ်များဖြစ်​ပြီး၊သာစည်​​ကျေးရွာ​နေ ၇နှစ်​တန်းကျောင်းသား​လေးများဖြစ်​​ကြောင်းသိရသည်​။

စူပါကဒ်​ဆိုင်​ကယ်ဖြင့်​က​လေး၂ဦးက က​လေး-ဂန့်​​ဂေါ်ကားလမ်းအတိုင်း ​မြောက်​မှ​တောင်​သို့ ​မောင်းနှင်​လာစဉ်​ မြို့သာရပ်​ကွက်​၊ဂန္ဓာမာလမ်းကြားအတိုင်း အ​နောက်​မှအ​ရှေ့သို့ အမည်​မသိအမျိုးသားတစ်​ဦး​မောင်းနှင်​လာသည့်​ Rayအမျိုးအစား ဆိုင်​ကယ်​အညို​ရောင်​နှင့်​တိုက်​မိရာ ဆူပါကဒ်​ဆိုင်​ကယ်​မှ က​လေးငယ်​တစ်​ဦး ကားလမ်းအ​ရှေ့ဘက်​သို့လွင့်​ကျသွားခဲ့ပြီး၊ဆိုင်​ကယ်​ဖြင့်​​မောင်​သူက​လေးတစ်​ဦးမှာ က​လေး-ဂန့်​​ဂေါ်ကားလမ်း အတိုင်း​တောင်​မှ​မြောက်​သို့လက်​ယာဘက်​လမ်းမှန်​အတိုင်း ​မောင်းနှင်​လာ​သော FZ အမျိုးအစားဆိုင်​ကယ်​ဖြင့်​တိုက်​မိခဲ့ခြင်းဖြစ်​​ကြောင်းသိရသည်​။

ကလေးတစ်​​ယောက်​မှာ အခင်းဖြစ်​နေရာမှာတင် ဦးခေါင်းထိပွင့်​ ဒဏ်​ရာဖြင့်​သေဆုံးသွားပြီး၊တစ်​ဦးကတော့ က​လေးမြို့ ပြည်​သူ့ဆေးရုံရောက်မှ ​သေဆုံးသွားပြီး၊FZ ဆိုင်​ကယ်​​မောင်းသူမှာနှုတ်​ခမ်းကွဲ၊​ပေါက်​ပြဲ​သွေးထွက်​ဒဏ်​ရာ (အတွင်းလူနာ/မစိုးရိမ်​ရ)ဖြင့်​ကုသ​နေခြင်း ဖြစ်​​ကြောင်းက​လေးမြို့မရဲစခန်းမှသိရသည်​။

သေဆုံးသူက​လေးငယ်​များမှာယာဉ်​တိုက်​မှုဖြစ်​ပွားချိန်​၌ဆိုင်​ကယ်​ဦး​ထုတ်​များ​ဆောင်းထားခြင်းမရှိဘဲ၊ကလေးတွေကို တိုက်သွားတဲ့ Rayဆိုင်ကယ်ကတော့ ​မောင်းနှင်​ထွက်ပြေးသွား​ကြောင်းသိရသည်​။

၎င်းယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး အမည်​မသိ Rayဆိုင်​ကယ်​​မောင်းနှင်​ကာ ဆိုင်​ကယ်​တိုက်ပြီးထွက်ပြေးသူကို ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) နဲ့ အမှုဖွင့်ထားပြီး လိုက်လံစုံစမ်းနေ​ကြောင်း က​လေးမြို့ မရဲစခန်းမှသိရသည်​။

စည်​သူထွန်း
ဓာတ်​ပုံ-ဖိုးခိုင်
Central News Myanmar
https://www.facebook.com/CNMyanmar/
အသက်မပြည့်သေးသည့် က​လေးငယ်​၂ဦး ဆိုင်​ကယ်စီးရာမှ ဆိုင်ကယ်​ချင်းတိုက်​မိသေဆုံး အသက်မပြည့်သေးသည့် က​လေးငယ်​၂ဦး ဆိုင်​ကယ်စီးရာမှ ဆိုင်ကယ်​ချင်းတိုက်​မိသေဆုံး Reviewed by THITHTOOLWIN on 15:20 Rating: 5
Powered by Blogger.