ပြည် ဇာတ်သဘင်ကား တိမ်းမှောက်မှုကြောင့် ဒဏ်ရာရသူ (၂)ဦး ထပ်မံသေဆုံး

ပြည်-တောင်ကုတ်ကားလမ်းတွင် ဇာတ်သဘင်ကားတိမ်းမှောက်မှုကြောင့် (၃)ဦးသေဆုံးကာ (၁၄) ဦးဒဏ်ရာရ
ပဲခူးတိုင်းအနောက်ပိုင်း ပြည်-တောင်ကုတ်ကားလမ်း ညောင်ခြေထောက်ကျေးရွာအနီး၌ မတ်လ ၂၇ ရက်နေ့က ပြည်မြို့အခြေစိုက် ဇတ်သဘင်ကားတစ်စီးတိမ်းမှောက်ခဲ့ရာ (၃)ဦးသေဆုံးပြီး (၁၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဥသျှစ်ပင်နယ်မြေရဲစခန်းမှ သိရသည်။

 ပြည်မြို့အခြေစိုက် ရွှေပြည်စံဇတ်သဘင်အဖွဲ့မှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဇတ်ကဖျော်ဖြေပြီး ပြန်လာစဉ် ၎င်းတို့စီးနင်းလိုက်ပါလာသောဟီနိုးကားမှာ မိုင်တိုင်အမှတ် ၄၆/၁ နှင့် ၄၆/၂အကြားတွင်တိမ်း မှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားကတိမ်းမှောက်ပြီး ပက်လက်လန်သွားတယ်။ ဒဏ်ရာရရှိသူတွေကို ပထမဦးဆုံးဥသျှစ်ပင်ဆေးရုံကို သယ်ဆောင်လာခဲ့ပေမယ့် ဒဏ်ရာပြင်းထန်သူတွေ ပါရှိနေတာကြောင့် အားလုံးကိုပဲ ပြည်ဆေးရုံ ကြီးမှာ ပို့ဆောင်ကုသနေပါတယ်။ ဇာတ်ကားက နှစ်စီးပြန်လာတာ (၁၉)ဦးပါတဲ့ကားမှောက်တာပါ။ ဇာတ်အဖွဲ့ အယောက် (၃၀)ပါတဲ့ကားက ဘာမှမဖြစ်ပါဘူး။˝ဟု အုပ်သျှစ်ပင်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင်ပါလာသည့် အသက်(၃၃)နှစ်အရွယ် အမျိုးသားတစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဆေးရုံ၌ လူနှစ်ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် အသက်(၃၄)နှစ်အရွယ် ယာဉ်မောင်းဖြစ်သူအား ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၇၇/၃၈၈ အရ ဥသျှစ်ပင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ပြည် ဇာတ်သဘင်ကား တိမ်းမှောက်မှုကြောင့် ဒဏ်ရာရသူ (၂)ဦး ထပ်မံသေဆုံး ပြည် ဇာတ်သဘင်ကား တိမ်းမှောက်မှုကြောင့် ဒဏ်ရာရသူ (၂)ဦး ထပ်မံသေဆုံး Reviewed by THITHTOOLWIN on 15:41 Rating: 5
Powered by Blogger.