ကျိုင်းတုံတွင် မိုးရွာသွန်းပြီး သံပုရာသီးအရွယ် မိုးသီးများ ကြွေကျမှုကြောင့် သီးနှံစိုက်ခင်း တချို့ ပျက်စီး

ကျိုင်းတုံတွင် မိုးရွာသွန်းပြီး မိုးသီးကြွေကျမှုဖြစ်ပွား
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာ၌ မတ်လ ၂၇ ရက်၊ ညနေပိုင်းက အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ပြီး သံပုရာသီးအရွယ်မိုးသီးများ ကြွေကျခဲ့ကြောင်း ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးရုံးမှ သိရသည်။
“မိုးရွာချိန်က နာရီဝက်လောက်တော့ကြာပါတယ်။ မိုးသီးကြွေကျတယ်ဆိုတာလည်း မှန်ပါတယ်။ လူနဲ့တိရိစ္ဆာန် ထိခိုက်တာမရှိပါဘူး။ ကျေးရွာမှာရှိနေတဲ့ စိုက်ခင်းတချို့မှာတော့ ထိခိုက်ပျက်စီးမှု အနည်းအပါးတော့ရှိခဲ့ပါ တယ်”ဟု ယန်းခကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှစာရေး ဦးစိုင်းလင်းအောင်က ပြောသည်။


ကျိုင်းတုံခရိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနအနေဖြင့် သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိပြီး ယန်ခကျေးရွာအုပ်စု၊နောင်ဆာရွာတွင်လည်း ဟောပြောမှုများ မတ်လဆန်းပိုင်းကပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဧပြီလနဲ့ မေလပတ်ဝန်းကျင်အချိန်တွေမှာ အချိန်အခါမဟုတ် လေပြင်းတိုက်တာ၊ မိုးရွာသွန်းတာ၊ မိုးသီးကြွေ တာနဲ့ လျှပ်စီးလက်၊ ထစ်ချုန်းတာတွေ ဖြစ်နိုင်ပါတယ်။ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာရင် ပြည်သူတွေ အသိ၊ သတိနဲ့ ရင်ဆိုင်ကျော်လွှားတတ်ဖို့လိုအပ်ပါမယ်။ ဖြစ်ပွားခဲ့ရင် အချိန်နဲ့တစ်ပြေးညီ သက်ဆိုင်ရာ အုပ်ချုပ်ရေးနဲ့ ကျွန်တော်တို့ဌာနကို ချက်ချင်းအကြောင်းကြားပေးစေချင်ပါတယ်”ဟု ကျိုင်းတုံခရိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။

ကျိုင်းတုံမြို့နယ်၌ ၂၀၁၃ ခုနှစ်အတွင်းက အချိန်အခါမဟုတ်မိုးရွာသွန်း၍ မိုးသီးကြွေကျမှုဖြစ်စဉ်ကြောင့် ကတ်တောင်ကျေးရွာအုပ်စုနှင့် ကတ်ထိုက်ကျေးရွာအုပ်စုများတွင် လူနေအိမ်ခေါင်မိုးများနှင့် သီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ကျိုင်းတုံတွင် မိုးရွာသွန်းပြီး သံပုရာသီးအရွယ် မိုးသီးများ ကြွေကျမှုကြောင့် သီးနှံစိုက်ခင်း တချို့ ပျက်စီး ကျိုင်းတုံတွင် မိုးရွာသွန်းပြီး သံပုရာသီးအရွယ် မိုးသီးများ ကြွေကျမှုကြောင့် သီးနှံစိုက်ခင်း တချို့ ပျက်စီး Reviewed by THITHTOOLWIN on 15:46 Rating: 5
Powered by Blogger.