မြွှေပွေး၊ မြွေဟောက်အရှင်များ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ ဖမ်းဆီးရမိ


မြွေပွေးအရှင်အကောင်(၇၀)၊ မြွေဟောက်အရှင်(၂၅)ကောင်ကို ရေပူအမြဲတန်းစစ်ဆေးရေးစခန်းကနေ မတ်လ(၂၄)ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မန္တလေးကနေ မူဆယ်ကိုသွားမယ့် Nissan AD Vanယာဉ်ကို ရေပူအမြဲတန်းစစ်ဆေးရေးစခန်း၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးရာမှာ တားမြစ်ပိတ်ပင်ထားတဲ့ မြွေပွေး မြွေဟောက်အရှင်တွေကို တွေ့ရှိရတာဖြစ်ပြီး မြွေပွေးအသေ(၁)ကောင်၊ လင်းမြွေအရှင် (၃၃၂)ကောင်နဲ့အသေ(၁၅)ကောင်အပါအ၀င်စုစုပေါင်း မြွေ(၄၄၃)ကောင်ကိုတွေ့ရှိ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။


မတ်လ(၂၆)ရက်မှာ ရေပူအမြဲတန်းစစ်ဆေးရေးစခန်းမှာ တားဆီးမှု(၄)မှုရှိခဲ့ပြီး အဲဒီတားမြစ်ခဲ့တဲ့ ကုန်ပစ္စည်းခန့်မှန်းတန်ဖိုးဟာ ငွေကျပ်သိန်းပေါင်း(၂၇၀)ခန့်ဖြစ်တယ်လို့သိရပါတယ်။ မရမ်းချောင်စစ်ဆေးရေးစခန်းမှာတော့ မတ်လ(၂၆)ရက်တစ်ရက်တည်းမှာပဲ တားဆီးမှု(၅)မှုရှိခဲ့ပြီး တားမြစ်ခဲ့တဲ့ ကုန်ပစ္စည်းတန်ဖိုးဟာ ငွေကျပ်(၁၇၈)သိန်းကျော်ဖိုးရှိခဲ့တာ ကြောင့် စခန်း(၂)ခုပေါင်းရဲ့တားမြစ်မှု(၉)မှုမှာ ကုန်ပစ္စည်းတန်ဖိုးစုစုပေါင်း(၄၄၈)သိန်းကျော်ဖိုးရှိခဲ့တယ်လို့သိရပါတယ်။

မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်ကုန်သယ်ယူပို့ဆောင်တဲ့ယာဉ်တွေအနေနဲ့မတ်လ(၂၆) ရက်မှာ ပို့ကုန်ယာဉ်အစီး(၆၀၀)ကျော်နဲ့သွင်းကုန်ယာဉ်အစီး(၇၀၀)ကျော်ရှိတယ်လို့သိရပါတယ်။ ရန်ကုန်-မြ၀တီ လမ်းမကြီးတစ်လျှောက်မှာတော့ ကုန်သယ်ယူ ပို့ဆောင်တဲ့ယာဉ်တွေအနေနဲ့ ပို့ကုန်ယာဉ်အစီး(၆၀)နီးပါးရှိပြီး သွင်းကုန်ယာဉ်အစီး(၁၅၀)ကျော်ရှိတယ်လို့အကောက်ခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ ဒီသတင်းကိုCentral News Bureau ကပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
မြွှေပွေး၊ မြွေဟောက်အရှင်များ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ ဖမ်းဆီးရမိ   မြွှေပွေး၊ မြွေဟောက်အရှင်များ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 15:19 Rating: 5
Powered by Blogger.