ရန်ကုန်သင်္ကြန် ပွဲတော်အား စီးပွားရေး မဆန်ဘဲ မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အစဉ်အလာများ နှင့် အညီ ကျင်းပသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ပြောကြား

၂၀၁၆ ခုနှစ် အတွင်း ရန်ကုန်မြို့ ၊ မြို့ တော်ခန်းမရှေ့ တွင် ကျင်းပခဲ့သော သင်္ကြန်ပွဲတော်အား တွေ့ ရစဉ်(ဆင်ဟွာ)
    ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

    ရန်ကုန်တိုင်းဒေသကြီး၏ သင်္ကြန်ပွဲတော်အား စီးပွားရေး မဆန်ဘဲ တကယ့်ကို မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အစဉ်အလာများ နှင့် အညီ ကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ မတ် ၂၄ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ရုံး၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဒီသင်္ကြန်ပွဲတော်ကြီးက မြန်မာ့ ရိုးရာ အစဉ်အလာ ယဉ်ကျေးမှုတွေနဲ့ အညီ တကယ့်ကို သံချပ် အက ၊ အလှ ဖျော်ဖြေမှုတွေနဲ့ ရိုးရာ အစဉ်အလာ ယဉ်ကျေးမှုတွေနဲ့ ကျင်းပ သွားမယ့် မဟာ သင်္ကြန်ပွဲတော်ကြီးသာ ဖြစ်ပြီး စီးပွားရေး ဆန်စွာ ဆောင်ရွက်လို့ မရဘူးဆိုတာကို အသိပေး ပြောကြားလိုပါတယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

သင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့ တော်၏ ဗဟို မဏ္ဍုပ်ကြီးကို မြို့ တော် ခန်းမရှေ့ ၌ မြို့ တော် ဗဟိုမဏ္ဍပ် အဖြစ် ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို ခရိုင် အလိုက် ဗဟို မဏ္ဍပ်များအား ဆောင်ရွက်သွားမည် ဖြစ်သည့် အပြင် ဖျော်ဖြေသီဆိုမှုများ ၊ ပြိုင်ပွဲဝင်မှုများကို ခွင့်ပြုသွားမည် ဖြစ်ကြောင်း ၊ သံချပ်အက ၊ အလှ စွယ်စုံ ဖျော်ဖြေမှု မဏ္ဍပ်များကိုလည်း ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ယခု အခါတွင် သင်္ကြန်ဖျော်ဖြေရေး မဏ္ဍပ်များ လာရောက် လျောက်ထားမှုမှာ မဏ္ဍပ်ကြီး ၆ ခု ၊ မဏ္ဍပ်အလတ် ၁ ခု တင်ပြထားပြီး နောက်ဆက်တွဲ တင်ပြထားသည့် အခြေအနေများလည်း ရှိနေကြောင်း သိရသည်။

ထို့ အတူ အင်းယားလမ်း ၊ ကန်တော်ကြီး ကန်ပတ်လမ်းများတွင် သင်္ကြန် မဏ္ဍပ်များ ခွင့်ပြုမည် မဟုတ်ကြောင်း ၊ ထိုနေရာများသည် ရန်ကုန်မြို့ ၏ သွားလာရေး အတွက် ကျပ်တည်းနိုင်ပြီး အရေးပေါ် အခြေအနေ တစ်ခု ဖြစ်မည် ဆိုပါက ၀င်လမ်း ၊ ထွက်လမ်း အင်မတန် ခက်ခဲသည့် လမ်းများ ဖြစ်သည့် အတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။သင်္ကြန်ပွဲတော် အတွင်း အရက်သေစာများအား ဥပဒေမဲ့ ရောင်းချ၍ မရနိုင်ဘဲ ထိုအခြေအနေများကို ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထည့်သွင်း ပြောကြားခဲ့သည်။

ယခုကျင်းပမည့် သင်္ကြန် နှစ်သစ်ကူး ပွဲတော်တွင် စီးပွားဖြစ် မဏ္ဍပ်တွေ အားလုံး ခွင့်ပြုမည် မဟုတ်ကြောင်း ၊ မဏ္ဍုပ်များ အားလုံးတွင် အလုံပိတ် အခန်းများ အားလုံးကို အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ CCTV ကင်မရာ များနှင့် စောင့်ကြည့် ထိန်းချုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ထို့ အတူ လုံခြုံရေးကို ပြည်သူကို ဗဟိုပြုသည့် ၀န်ဆောင်မှု စနစ်ဖြင့် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း ၊ ကျန်းမာရေး ကဏ္ဍများတွင် အရေးပေါ် အခြေအနေ တော်တော်များများကို ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။သင်္ကြန်ပွဲတော် ကာလသည် အပူပြင်းထန်သည့် နွေရာသီ ကာလ တစ်ခု ဖြစ်သည့် အတွက် ရေကစားချိန် များအား မနက်ပိုင်းတွင် ၈ နာရီ မှ ၁၂ နာရီ အထိ ညနေပိုင်းတွင် ၃ နာရီကနေ ၆ နာရီ အထိ ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ တွင်း သယ်ယူ ပို့ ဆောင်ရေး ယာဉ်လိုင်းများကိုလဲ ရပ်တန့် မသွားစေဘဲ စနစ်တကျ ပြေးဆွဲ ပေးနိုင်ရန် ပြင်ဆင် ဆောင်ရွက်နေကြောင်း သိရသည်။“သင်္ကြန် ကာလ အတွင်း ခရီးသွားလာမှု လွယ်ကူ ချောမွေ့ စေနိုင်ဖို့ အတွက် YBS ယာဉ်တွေ ပြေးဆွဲ ပေးနိုင်ဖို့  အခြေအနေတွေကိုလဲ ပြင်ဆင်ထားသလို သင်္ကြန်ကာလ ရုံးပိတ်ရက်မှာ ကိုယ့်ရဲ့ ရပ်ရွာတွေကို ပြန်တဲ့ နေရာမှာလဲ သွားလာရေး လွယ်ကူ ချောမွေ့ နိုင်ဖို့ အတွက် ရန်ကုန် သယ်ယူ ပို့ ဆောင်ရေး အာဏာပိုင်အဖွဲ့ က အဝေးပြေး ယဉ်လိုင်းများ အလွယ်တကူ သွားလာနိုင်ရေး စီမံဆောင်ရွက်ထားတဲ့ အခြေအနေ ရှိပါတယ်။”ဟု ၄င်းက ပြောကြားခဲ့သည်။

သင်္ကြန်ပွဲတော်အား အစိုးရမှ ဦးဆောင် ကျင်းပသည့် ပွဲမျိုး မဟုတ်ဘဲ ပြည်သူလူထုက ဦးဆောင် ကျင်းပသော ပွဲမျိုး ဖြစ်ရန် ကြိုးပမ်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထည့်သွင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ရန်ကုန်သင်္ကြန် ပွဲတော်အား စီးပွားရေး မဆန်ဘဲ မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အစဉ်အလာများ နှင့် အညီ ကျင်းပသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ပြောကြား ရန်ကုန်သင်္ကြန် ပွဲတော်အား စီးပွားရေး မဆန်ဘဲ မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အစဉ်အလာများ နှင့် အညီ ကျင်းပသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ပြောကြား Reviewed by THITHTOOLWIN on 16:01 Rating: 5
Powered by Blogger.