မြောင်မြို့တွင် ၅၀၀၀ တန်အတု ကိုင်ဆောင်သူများကို ဖမ်းဆီးရမိ


စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာမှာ မတ်လ ၂၃ ရက်နေ့ ညနေက ၅၀၀၀ တန်ငွေအတု ၆၁ ရွက်အား လက်ဝယ် ကိုင်ဆောင်ထားသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဆိုပါ ငွေအတု ကိုင်ဆောင်ထားသူများမှာ ထီးချို့မြို့နယ် ချွန်တောင်အုပ်စု ဝဲကြီးကျေးရွာမှာနေထိုင်တဲ့ ကိုဘစန်းနဲ့ ဦးဖိုးထောင်တို့ဖြစ်တယ်လို့ သိရပါတယ်။


ထိုသူများမှာ မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာရှိ ဦးဘိုသန်းရဲ့ ကုန်စုံဆိုင်တွင် ဈေးဝယ်ရာ ဆိုင်ရှင်က မသင်္ကာလို့ ရဲကို ဖုန်းဆက်ပြီး စစ်ဆေးကြည့်ရာမှ ယခုလို ဖမ်းဆီးရမိခဲ့တာလဲ ဖြစ်ပါတယ်။

အခုလို ငွေအတုများ ဖမ်းဆီးရမိတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး နောက်ထပ်ဆက်နွယ်သူများကိုလဲ ရဲက စစ်ဆေးနေပါတယ်။

အဆိုပါ ငွေအတုလက်ဝယ်တွေ့ရှိထားသူ ၂ ဦးကိုတော့ မြောင်မြို့နယ် ရဲစခန်းမှ ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်အရေးယူထားပါတယ်။

ရန်နိုင်စိုး
မြောင်မြို့တွင် ၅၀၀၀ တန်အတု ကိုင်ဆောင်သူများကို ဖမ်းဆီးရမိ မြောင်မြို့တွင် ၅၀၀၀ တန်အတု ကိုင်ဆောင်သူများကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:09 Rating: 5
Powered by Blogger.