ဆိုင်ကယ်တစ်စီးကို ၀င်တိုက်တဲ့ ကား နေအိမ်တစ်လုံးကို ထပ်မံ ၀င်တိုက်မိ

ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းမှာ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွား
ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ်အတွင်းက ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းမှာ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မတ်လ ၂၂ ရက်နေ့  ဒီကနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို မိသားစုသုံးဦး စီးနှင်းလာတဲ့ ကားက ဆိုင်ကယ်တစ်စီး ကိုဝင်တိုက်မိကာ ခင်တိုကျေးရွာ က နေအိမ်တစ်လုံးကို ထပ်မံဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။


ဒီယာဉ်တိုက်မှုမှာ ကားပေါ်ကမိသားစု (၃)ဦးဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး ဆိုင်ကယ်မောင်းလာသူကတော့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်တံခါးမြို့မရဲစခန်းက ကားမောင်းသူကို အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

သတင်းထောက် - ခင်ကို (ကျောက်တံခါး) (5 PLUS NEWS)
https://www.facebook.com/5plusnews/
ဆိုင်ကယ်တစ်စီးကို ၀င်တိုက်တဲ့ ကား နေအိမ်တစ်လုံးကို ထပ်မံ ၀င်တိုက်မိ ဆိုင်ကယ်တစ်စီးကို ၀င်တိုက်တဲ့ ကား နေအိမ်တစ်လုံးကို ထပ်မံ ၀င်တိုက်မိ Reviewed by THITHTOOLWIN on 22:25 Rating: 5
Powered by Blogger.