တိုက်ကြီးမြို့မှာ မြေငလျင် ထပ်မံလှုပ်ခတ်

(မတ်လ (၁၃) ရက်နေ့က တိုက်ကြီးမြို့မှာ ရစ်ခ်ျတာစကေး ၅ ဒသမ ၈ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့စဉ် မြင်ကွင်း) ဓာတ်ပုံ - တိုက်ကြီးဆရာတော်
မတ်လ ၂၂ ရက်နေ့ ဒီကနေ့ ညနေ(၃)နာရီဝန်းကျင်က ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ကြီးမြို့မှာ မြေငလျင်(၃) ကြိမ်ခန့်လှုပ်ခတ်ခဲ့တယ်လို့ တိုက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လှုပ်ခတ်ခဲ့တဲ့မြေငလျင်ဟာ အနည်းငယ် ပြင်းထန်ပေမယ့် အခုလ(၁၃)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့မြေငလျင်လောက်တော့ ပြင်းထန်စွာမခံစားရဘူးလို့ ဆိုပါတယ်။


 လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု ရှိ ၊ မရှိကိုလည်း မသိရသေးဘူးလို့ ဒီကနေ့ ညနေပိုင်းအချိန်မှာ 5Plus ကို ပြန်လည်ဖြေကြားပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ၊ မြေငလျင်ဌာနခွဲကိုဆက်သွယ်မေးမြန်းရာမှာတော့ မြေငလျင်တိုင်းတာစက်ကနေ တိုင်းတာရရှိခြင်းမရှိဘူးလို့ပြောပါတယ်။

5 Plus News
https://www.facebook.com/5plusnews/
တိုက်ကြီးမြို့မှာ မြေငလျင် ထပ်မံလှုပ်ခတ်  တိုက်ကြီးမြို့မှာ မြေငလျင် ထပ်မံလှုပ်ခတ် Reviewed by THITHTOOLWIN on 22:29 Rating: 5
Powered by Blogger.