စစ်ကိုင်းမြို့၌ အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ရာမှ တစ်ဦးသေဆုံး


စစ်ကိုင်း မတ် ၁၉

စစ်ကိုင်းမြို့  ပြူကံရပ်ကွက် မုံရွာ-မန္တလေးသွားကားလမ်းမ ခန့် မှန်းမြေပုံအညွှန်း (HV-060260) နေရာ၌ မတ်လ ၁၅ ရက် ည ၈ နာရီက လူတစ်ဦးအား ဝိုင်းဝန်းရိုက် နှက်ခဲ့၍ ဒဏ်ရာရရှိခဲ့ပြီး သေဆုံး သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တရားလို ကိုသက် လှိုင်ထွန်း (၃၇နှစ်) ကျောက်ပုတီး အရောင်းအဝယ် နန်းဦးမြို့သစ်ရပ် စစ်ကိုင်းမြို့နေသူသည် ယခုလ ၁၅ ရက် ည၈နာရီကျော်ခန့်က နေအိမ်၌ရှိနေစဉ်တူဖြစ်သူစစ်ကိုင်း မြို့သာစည်ရပ်ကွက်နေမောင်ကျော် မင်းဟန်မှာ အရိုက်ခံရ၍ စစ်ကိုင်း မြို့ ခုတင် ၂ဝဝ ဆံ့ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း ကြားသိရ၍ သွားရောက်ကြည့်ရှုခဲ့ရာ တူဖြစ်သူ တွင် ဝဲဘက်မျက်ခုံးအထက်ပေါက် ပြဲဒဏ်ရာ၊ဝဲ/ယာလက်နှစ်ဖက်နှင့် ဝဲ/ယာခြေနှစ်ဖက်ဖူးရောင်ပေါက် ပြဲဒဏ်ရာ၊ရင်ဘတ်ညိုမည်းဒဏ်ရာ များနှင့်တွေ့ရှိရ၍ဖြစ်စဉ်အားစုံစမ်း မေးမြန်းခဲ့ရာတူဖြစ်သူသည်ယခုလ ၁၅ ရက် ည ၈ နာရီက စစ်ကိုင်း မြို့ မကျီးစင်ရပ်ရှိ ပိုက်ကျော်ခြင်း ပွဲသို့ခြင်းခတ်ရန် ဆိုင်ကယ်ဖြင့် တစ်ယောက်တည်းမောင်းနှင်သွား စဉ် ပြူကံရပ်ကွက်အနီးအရောက် စစ်ကိုင်းမြို့ ကျောက်ဆည်ကျေးရွာ နေ မောင်အောင်ခန့်ဝင်းပါ ၁၄ ဦး အဖွဲ့ကဝိုင်းဝန်းရိုက်နှက်ခဲ့၍ဒဏ်ရာ များရရှိခဲ့ရခြင်းဖြစ်ကြောင်း သိရှိ ရသည်။

 တူဖြစ်သူမှာဆေးကုသမှု ခံယူနေစဉ် ယခုလ ၁၆ ရက် နံနက် ၅ နာရီခန့်တွင် ခုတင် ၂ဝဝ ဆံ့ စစ်ကိုင်းဆေးရုံကြီး၌ သေဆုံးသွား ခဲ့၍တူဖြစ်သူကို ဒဏ်ရာရရှိသေ ဆုံးအောင် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြ သော အောင်ခန့်ဝင်းပါ ၁၄ ဦးတို့ အပေါ် စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူပေးပါရန် တိုင်တန်းခဲ့ရာ အမှုစစ်ရဲ ၅ဝ၁၂ ဒုရဲမှူးကျော် ထွန်းနိုင်ကကျူးလွန်ခံရသူကျောက် ပုတီးလုပ်ငန်း သာစည်ရပ် စစ် ကိုင်းမြို့နေကျော်မင်းဟန်(၂၂နှစ်) အား ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသော အရှည်နှစ်ပေခန့်၊ လုံးပတ်တစ် လက်မခန့်ရှိ ဆီးသားတုတ်တစ် ချောင်း၊ အရှည်နှစ်ပေခန့်၊ လုံးပတ် တစ်လက်မခန့်ရှိဝေရာသားတုတ် တစ်ချောင်းတို့ကိုသိမ်းဆည်းခဲ့ကြ ပြီး အမှုနှင့်ပတ်သက်၍ တရားလို နှင့်သက်သေများ စစ်ဆေးခြင်း၊ အခင်းဖြစ်နေရာမှတ်တမ်းဓာတ်ပုံ များရိုက်ကူးခြင်း၊ အခင်းဖြစ်နေရာ မြေပုံကြမ်းရေးဆွဲခြင်းတို့ ဆောင် ရွက်ထားရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျော် မင်းဟန်ကို ဒဏ်ရာရရှိပြီး သေ ဆုံးအောင် ဝိုင်းဝန်းရိုက်နှက်ခဲ့သော တရားခံ အောင်ခန့်ဝင်း (၁၉နှစ်) ကျောက်ဆည်ကျေးရွာ စစ်ကိုင်း မြို့နယ်နေသူ အပါအဝင် ၁၄ဦး အား စစ်ကိုင်းမြို့မရဲစခန်းက(ပ) အမှတ်စဉ်၂၇၅/၂ဝ၁၇၊ ရာဇသတ် ကြီး ဥပဒေပုဒ်မ ၃ဝ၂/၁၁၄ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ချစ်ကိုကို
The Union Daily
https://www.facebook.com/uniondaily.net
စစ်ကိုင်းမြို့၌ အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ရာမှ တစ်ဦးသေဆုံး  စစ်ကိုင်းမြို့၌ အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ရာမှ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 16:39 Rating: 5
Powered by Blogger.