ထားဝယ်ခရိုင်မှာ စိတ်ကြွရူးသွပ်ဆေးပြား နှင့် ကျောက်မျက်ရတနာများ ဖမ်းဆီးရမိ

WY စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား နှင့် ကျောက်မျက်ရတနာများဖမ်းဆီးရမိ
ထားဝယ် မတ် ၁၉

တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့ နယ် ၊ မလွဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ထားဝယ်ခရိုင်ရဲတပ်ဖွဲ့ မှူးယာယီဒုတိယရဲမှူးကြီးအောင်ထွန်းဦးဆောင်၍စစ်ဆေးရေးဂိတ်မှ ရဲအုပ်ခင်မောင်ချင်းနှင့်အဖွဲ့  သည် မတ် ၁၈ ရက်နေ့ မွန်းလွဲ ၁၅း၀၀ နာရီအချိန်တွင် သက်သေများနှင့်အတူ ရေးမြို့ ဘက်မှထားဝယ်မြို့ ဘက်သို့  မောင်းနှင်လာသော ယာဉ်အမှတ် 6I/8075 SUBARU LEGACY ယာဉ်အားရပ်တန့် စစ်ဆေးသည်။


ထိုသို့ စစ်ဆေးရာတွင် တင်မိုးလွင် မောင်းနှင်ပြီး မော်တော်ယာဉ်အတွင်းမှ အ၀ါရောင်တိပ်ဖြင့်ပတ်လျှက် အတွင်း ၌ အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်ထားသော WY စာတမ်းပ်ါစိတ်ကြွရူးသွပ်ဆေးပြား( ၃၇၀၅၀ )ပြား ၊ မြန်မာငွေကျပ် ( ၅၉၀၀၀ိ/-) ၊ ဆင်းကဒ်ပါ ဟန်းဖုန်း(၂)လုံး ၊ KBZ Bank ငွေလွှဲဖြတ်ပိုင်း( ၃ )ရွက် ၊ ကမ္ဘာ့ရတနာဘဏ် ၊ပုလောဘဏ်ခွဲမှ KS 5,000,000 ပါငွေလက်ခံပြေစာ(၁)ရွက် ၊ ကျောက်မျက်ပိုင်းဖြတ်စ( ၂၇ )ခု ၊ဦးတိပွားရုပ်ကျောက်စိမ်းပိုင်(၁)ခု၊ မယ်တော်ရုပ်ပုံကျောက်မျက်ပိုင်း(၁)ခု ၊ ငါးရုပ်ပုံကျောက်စိမ်းပိုင်း(၃)ခု ၊ ကနုတ်ပုံရုပ်ကျောက်စိမ်းပိုင်း(၂)ခု ၊ နဂါးရုပ်ပုံ ကျောက်စိမ်းပိုင်း(၁)ခု ၊ အချောသွေးပြီးပုံစံ(၅)ခု တို့ အား ရှာဖွေတွေ့ ရှိသဖြင့်သက်သေများရှေ့ သိမ်းဆည်းသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ တင်မိုးလွင်(၃၅)နှစ် (ဘ)ဦးသာဒွေး ၊ကျောက်ရောင်းဝယ် ၊ သခင်ဖိုးလကြီးလမ်း ၊(၄၃)ရပ်ကွက် ၊ ဒဂုံမြို့ သစ်မြောက်ပိုင်း ၊ ရန်ကုန်မြို့ နေသူအား ကလိန်အောင်နယ်မြေရဲစခန်းမှ မယ(ပ)၂/၂၀၁၇ ၊မူးစိတ်ပုဒ်မ-၁၅/၁၉(က)/၂၁ဖြင့်လည်းကောင်း ၊ (ပ)၉/၂၀၁၇ ၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ-၄၂(က)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း  ထားဝယ်ခရိုင် ပြန်/ဆက်ဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ထားဝယ်ခရိုင်မှာ စိတ်ကြွရူးသွပ်ဆေးပြား နှင့် ကျောက်မျက်ရတနာများ ဖမ်းဆီးရမိ ထားဝယ်ခရိုင်မှာ စိတ်ကြွရူးသွပ်ဆေးပြား နှင့် ကျောက်မျက်ရတနာများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:30 Rating: 5
Powered by Blogger.