ထီးချိုင့်မြို့နယ်တွင် ငွေစက္ကူ အတု နှင့် ငွေစက္ကူ အတု ပြုလုပ်သည့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ


စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ချွန်းတောင်ကျေးရွာ အုပ်စု၊ တုံငယ်ကျေးရွာမှာ မတ်လ ၂၄ ရက် မနက် ပိုင်းအချိန်က ငွေစက္ကူ အတု ပြုလုပ် ကိုင်ဆောင် နေသူတွေကို ဖမ်းဆီးရမိခဲ့ ပါတယ် ။

ငွေစက္ကူ အတုတွေကို မတ်လ ၂၃ ရက်နေ့ ညနေ ၅း၀၀ နာရီ အချိန်ခန့် က မြောင်မြို့ ရတနာဘို စတိုးဆိုင်မှာ ဈေးဝယ်ရာ မှ စတင်တွေ့ ရှိခဲ့တာပါ ။


၎င်း ငွေစက္ကူ အတုလို့ ယူဆရတဲ့ မသင်္ကာဖွယ် ငွေများနဲ့ ဈေးဝယ်နေကြောင်း မြောင်ရဲကင်းစခန်းကို ဖုန်းနဲ့ ဆက်သွယ် အကြောင်းကြားချက်အရ မြောင်ရဲကင်းစခန်းမှူး ရဲအုပ် အောင်ကျော်မိုး ဦးဆောင်ပြီး သက်သေများနဲ့ အတူ သွားရောက် စစ်မေးရာ ထီးချိုင့်မြို့နယ် ချွန်းတောင်အုပ်စု ဝဲကြီးကျေးရွာနေ ဘစန်း (ခ) မစန်း နဲ့ အတူ ဖိုးထောင် (ခ) ထွန်းရင် တယ်တောအုပ်စု ကျွဲတောတိုး ခြုံ ရွာ ဒီပဲရင်း မြို့နယ် နေသူတို့ နှစ်ဦးကို တွေ့ရှိခဲ့ပြီး ၄င်းတို့ ဘေး လွယ်အိတ်ထောင် အတွင်း မှ နံပါတ် အမျိုး စုံပါ (၅၀၀၀) ကျပ်တန် ငွေစက္ကူ (၆၁) ရွက်ကို စတင်တွေ့ရှိ ဖမ်းမိခဲ့တာ လို့ ဆိုပါတယ် ။

ငွေ အတုတွေ တွေ့ရှိခဲ့တာနဲ့ပတ်သက်လို့ ၄င်းတို့ နှစ်ဦးကို မေးမြန်းရာ ထီးချိုင့်မြို့နယ် တုံငယ် ကျေးရွာနေ ဦးပိုစန်း နွားအရောင်းဝယ် လုပ်သူထံ မှ အတိုး ၃၀ ရာခိုင်နှုန်း ပေးသွင်း စနစ်နဲ့ ချေးယူလာခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ ပါတယ် ။

၎င်းတို့ ထွက်ဆိုချက်အရ ကွင်းဆက်များ ဖော်ထုတ်ရန် စစ်ကိုင်းရုံးမှ ညွှန်ကြားချက်ဖြင့် ထီးချိုင့်မြို့မှ ရဲ စခန်းမှူး ဒုရဲမှူး ရဲထွဋ်အောင် ဦးစီးဆောင်ကာ အဖွဲ့ ၃ ဖွဲ့ခွဲပြီး တုံငယ်ကျေးရွာ အတွင်းသွားရောက် ရှာဖွေ ကြရာ ကွင်းဆက်တရားခံ ဦးပိုစန်း အား တွေ့ရှိခြင်းမရှိပဲ ၄င်းရဲ့ အမျိုးသမီး မမြင့်နိုင် ထံမှ ငွေကြိုးလှည့် စက် ၁ လုံး၊ ပရင်တာ ဆေးဗူး ၆ ဘူးတို့ကို ရဲအုပ် စန်းယု ဦးစီးအဖွဲ့က တွေ့ရှိဖမ်းမိခဲ့တာ လို့ ဆိုပါတယ် ။


အဲဒါအပြင် ကံချွန်ရဲ့ နေအိမ်အတွင်း မှ ၁ သောင်းကျပ်တန် ငွေစက္ကူ အတု ၂ ရွက်၊ ငါးထောင်တန် ၃ ရွက်၊ ငွေစက္ကူ အတု ပြုလုပ်ရာမှာ အသုံးပြုတဲ့ ကွန်ဗျူ တာ ၁ လုံးတို့ကို ရဲ အုပ်ဇော်မင်းထွန်း ဦးစီး အဖွဲ့က ဖမ်းမိခဲ့ပါတယ် ။


အခုလို ငွေအတုတွေ ကိုင်ဆောင်ထားရှိတာနဲ့ ပတ်သက်လို့ ဘစန်း (ခ) မစန်း၊ ဖိုးထောင်(ခ) ထွန်းရင်၊ ကွင်းဆက်တရားခံ မောင်ငယ်၊ ကန်ချွန်၊ မမြင့် နိုင်တို့ ၅ ဦးကို ဖမ်းဆီး အရေးယူထားပြီး ကွင်းဆက်တရားခံများအား ဆက်လက်ဖော်ထုတ် အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ် လို့ ထီးချိုင့် မြို့မရဲစခန်း မှ သိရှိရပါတယ် ။

သီဟဆွေ (ကသာ)
https://www.facebook.com/ktamyintlwin
ထီးချိုင့်မြို့နယ်တွင် ငွေစက္ကူ အတု နှင့် ငွေစက္ကူ အတု ပြုလုပ်သည့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ ထီးချိုင့်မြို့နယ်တွင် ငွေစက္ကူ အတု နှင့် ငွေစက္ကူ အတု ပြုလုပ်သည့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ Reviewed by THITHTOOLWIN on 16:19 Rating: 5
Powered by Blogger.