ပမ္မတီးရပ်ကွက်တွင် မီးလောင်မှုကြောင့် လူတစ်ဦးသေဆုံး

မတ် ၂၀

မြစ်ကြီးနားမြို့၊ပမ္မတီးရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦး မီးခိုးငွေ့မွှန်ကာ သေဆုံးခဲ့ကြောင်း ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(မတ်လ ၂၀ )ရက်နေ့၊ ညနေ သုံးနာရီဝန်းကျင်အချိန်ခန့်က ပမ္မတီးရပ်ကွက်အတွင်းတွင် မီးလောင်မှုဖြစ်ပွားနေကြောင်း ဖုန်းသတင်းရရှိသဖြင့် မီးသတ်တပ်ဖွဲ့ဝင် အင်အား ၆၀ ဦး၊မီးငြှိမ်းသတ်ယာဉ် ၃ စီး၊မီးသတ်ရေသယ်ယာဉ် ၄ စီး၊ပမ္မတီးရပ်ကွက် အရန်မီးသတ်မှ ရေသယ်ယာဉ် ၂ စီး၊စည်ပင်ရေသယ်ယာဉ် ၂ စီး၊လေတပ်မှ ရေသယ်ယာဉ် ၁ စီး စုစုပေါင်း ၁၂ စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ လျှပ်စစ်ကြောင့် လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရပြီး မီးလောင်မှုကြောင့် သွပ်မိုး၊အုပ်ခင်းအုပ်ကာ၊မြေစိုက်နှစ်ထပ်အိမ်တစ်လုံး မီးလောင်သွားခဲ့ကာ ကာလတန်ဖိုး ငွေကျပ် ၃၄ သိန်းခန့် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ပမ္မတီးရပ်ကွက်၊အိမ်အမှတ် ၃/၁၀၁ တွင်ဖြစ်ပွားခဲ့သော အဆိုပါမီးလောင်မှုကြောင့် အိမ်ရှင်ဖြစ်သူ ဦးအားကျူသားနန္ဒ (လေဖြတ်နေသူ)မှာ မီးခိုးငွေ့မွှန်ကာ အသက်သေဆုံးခဲ့ပြီး အခြား လူတိရိစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတရာမရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ အိမ်ပိုင်ရှင်(သေဆုံးသူ)ဦးအားကျူ နန္ဒအား မြစ်ကြီးနားနယ်မြေရဲစခန်းမှ (ပ)၄၅/၂၀၁၇၊ပုဒ်မ ၂၈၅/၃၀၄ -က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ဝေဖြိုးအောင်
Myitkyina News Journal
http://www.myitkyinanewsjournal.com
ပမ္မတီးရပ်ကွက်တွင် မီးလောင်မှုကြောင့် လူတစ်ဦးသေဆုံး ပမ္မတီးရပ်ကွက်တွင် မီးလောင်မှုကြောင့် လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.