တရုတ်ပြည်က တရားမ၀င် သယ်ဆောင်လာတဲ့ ကျပ် သိန်းပေါင်း ၆၀ ကျော်ဖိုး အေး ခဲအသားတွေ ဖျက်ဆီး

မြစ်ကြီးနားမြို့နယ် အကောက်ခွန် ဦးစီးဋ္ဌာနရုံးမှာ တရုတ်ပြည်ကနေ တရားမဝင် သယ်ဆောင်ခဲ့တဲ့ ကြက်ဥ၊ ဘဲဥနဲ့ အေးခဲကြက် သားတွေကို မတ်လ ၂၀ ရက်နေ့က ဖျက်ဆီးနေစဉ်။ Photo: Kyaw Myo Min/ RFA
တရုတ်ပြည်ကနေ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် သယ်ဆောင်လာတဲ့ ခန့်မှန်း ကျပ်သိန်းပေါင်း ၆၀ ကျော်တန်ဖိုးရှိတဲ့ ကြက်ဥ၊ ဘဲဥ နဲ့ အေးခဲကြက်သားတွေ ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အကောက်ခွန်ဦးစီးဋ္ဌာနရုံးမှာ ဒီကနေ့ ဖျက်ဆီးခဲ့ပါတယ်။

အဲဒီလိုတရားမဝင်ပစ္စည်းတွေကို မသယ်ယူဖို့ လုပ်ငန်းရှင်တွေကိုလည်း အသိပေးအကြောင်းကြား ထားတယ်လို့ မြစ်ကြီးနားမြို့နယ် အကောက်ခွန်ဦးစီးဋ္ဌာနမှူး ဦးမြင့်နိုင်ဋ္ဌေး က ပြောပါတယ်။

အဲဒီကြက်ဥ၊ ဘဲဥနဲ့ အေးခဲသားတွေကို ဒီလ ၉ ရက်နေ့က ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေးဖြစ်ပွားနေတဲ့ အခြေအနေကနေ မြန်မာနိုင်ငံဘက် ကူးစက်ပြန့်ပွား မှုမရှိစေဖို့အတွက် ကြက်ငှက် တိရစ္ဆာန်ထွက်ကုန် နဲ့ တားမြစ်ပစ္စည်းတွေကို ဖမ်းဆီးနေတာ ဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့ စီးပွားရေး ဝန်ကြီး ဦးဝေလင်း က RFA ကို ပြောထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဗန်းမော်ခရိုင်အတွင်းမှာ တရုတ်ပြည်ကနေတရားမဝင်သယ်ဆောင်လာတဲ့ ကြက်အကောင်ပေါက်၊ ကြက်ဥ၊ ဘဲဥ စတဲ့ ကြက်ငှက် တိရိစ္ဆာန်ထွက်ပစ္စည်းတွေကို ဖမ်းမိခဲ့ပါတယ်။

အများပြည်သူ ဘေးဥပါဒ် ဖြစ်စေတဲ့ အစားအသောက်နဲ့ လူသုံးပစ္စည်းအပါအဝင် တရားမဝင် တားမြစ်ကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံကနေမတင်သွင်းဖို့ နဲ့ တင်သွင်းလာသူတွေကို အရေးယူဖို့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာလည်း ဗီနိုင်းပိုစတာတွေနဲ့ စိုက်ထူအသိပေးထားပါတယ်။

လူကို သေစေနိုင်တဲ့အထိ အန္တရာယ်ရှိတဲ့ တိရိစ္ဆာထွက် ပစ္စည်းနဲ့ စားသောက်ကုန်မျိုးစုံ အပါအဝင် အရည်အသွေးမမီတဲ့ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံ စတဲ့ ထုတ်ကုန်ပစ္စည်းတွေဟာ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို တရားမဝင် နည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်နေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
တရုတ်ပြည်က တရားမ၀င် သယ်ဆောင်လာတဲ့ ကျပ် သိန်းပေါင်း ၆၀ ကျော်ဖိုး အေး ခဲအသားတွေ ဖျက်ဆီး တရုတ်ပြည်က တရားမ၀င် သယ်ဆောင်လာတဲ့ ကျပ် သိန်းပေါင်း ၆၀ ကျော်ဖိုး အေး ခဲအသားတွေ ဖျက်ဆီး Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.