ယာဉ်တစ်စီးသစ်သား တံတားပေါ် ဖြတ်သန်းမောင်းနှင်ရာ တံတားပြိုကျ


မင်းလှ မတ် ၂ဝ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် ဒီလှိုင်းကျေးရွာအုပ်စု ဒလှိုင်း-တူးမြောင်းဆက်သွယ်ထားသော ကျေးလက်ဖွံ့ဖြိုး ရေးလမ်းပေါ်ရှိ ဆင်တွင်းရိုးတံတားပေါ်၌ ၁၈ ရက်ည ၁၁ နာရီက ယာဉ်တစ်စီး ဖြတ်သန်းမောင်းနှင်စဉ် တံတားပြိုကျ ပျက်ဆီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ တူးမြောင်းကျေးရွာဘက်မှ ဒီလှိုင်းကျေးရွာဘက်သို့ ယာဉ်မောင်း အောင်မြတ်သူမောင်းနှင်လာသော အနီရောင်ခြောက် ဘီးယာဉ် ကျွန်းသစ်(အိမ်ဟောင်း) ဝ ဒသမ ၂၅ သန်းခန့်တင်ဆောင်ကာ အလျား ၄ဝ ပေ၊ အမြင့် ၁၈ ပေ၊ အကျယ် ၁၄ ပေရှိ ဆင်တွင်းရိုးတံတားပေါ်ကို ဖြတ်သန်းမောင်းနှင်ရာ ယာဉ်၏ အလေးချိန်အားမခံနိုင်ဘဲ ခါးလယ်မှ ကျိုးကျကာ ယာဉ်မှာနောက်ပြန်လိမ့်ကျ ရပ်တန့်သွားခဲ့သည်။

အမှုနှင့်ပတ်သက်၍ မင်းလှမြို့နယ် စစ်ကွင်းနယ်မြေရဲစခန်းက ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းအောင်မြတ်သူအားအမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါက်စ(မင်းလှ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယာဉ်တစ်စီးသစ်သား တံတားပေါ် ဖြတ်သန်းမောင်းနှင်ရာ တံတားပြိုကျ ယာဉ်တစ်စီးသစ်သား တံတားပေါ် ဖြတ်သန်းမောင်းနှင်ရာ တံတားပြိုကျ Reviewed by THITHTOOLWIN on 19:57 Rating: 5
Powered by Blogger.