ပြင်ဦးလွင်အထွက်တွင် ဆီဘောက်ဆာကား တစ်စီးတိမ်းမှောက် ယာဉ်မောင်းသေဆုံး


ဇန်နဝါရီလ ၁၄ရက်နေ့တွင် ပြင်ဦးလွင်မြို့အထွက်၌ ၁၂ဘီးကားဆီဘောက်ဆာတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးယာဉ်မောင်းဖြစ်သူသေဆုံးသွားခဲ့ကြောင်းပြင်ဦးလွင်မြို့ ပိတ်ချင်းမြောင်ရဲစခန်းထံကသိရသည်။


ဖြစ်စဉ်မှာဇန်နဝါရီလ ၁၄ရက်နေ့ မနက်၃နာရီခန့်အချိန်တွင် မန္တလေးဘက်မှယာဉ်မောင်းဖြစ်သူသီပေါမြို့နေသိန်းမင်းသူမောင်းနှင်လာသည့် ယာဉ်အမှတ် 5B 4454 ဆီဘောက်ဆာ၁၂ဘီးယာဉ်မှာ ပြင်ဦးလွင်မြို့အထွက် ထုံးဘိုကျေးရွာအနီးတွင် လမ်းချော်၍တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးယာဉ်မောင်းဖြစ်သူမှာအခင်းဖြစ်ရာနေရာတွင်သေဆုံးသွားခဲ့ကြောင်းသိရသည်။
 ''ယာဉ်နောက်လိုက်ကတော့ကားထဲမှာစောင်ပတ်ပြီးအိပ်နေတဲ့အတွက်ဘာမှမဖြစ်ဘူးကျွန်တော်နဲ့ရာအိမ်မှုးသက်သေနှစ်ယောက်နဲ့သွားရောက်စစ်ဆေးခဲ့ပါတယ်''ဟုအဆိုပါစခန်းရှိ တာဝန်မှုး ဒုရဲအုပ်ခင်မောင်ချိုကပြောသည်။


 ယင်းဖြစ်စဉ်အားပိတ်ချင်းမြောင်ရဲစခန်းတွင်ယာဉ်မောင်းဖြစ်သူအားယာဉ်(ပ)၁/၂၀၁၇ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ပြင်ဦးလွင်အထွက်တွင် ဆီဘောက်ဆာကား တစ်စီးတိမ်းမှောက် ယာဉ်မောင်းသေဆုံး ပြင်ဦးလွင်အထွက်တွင် ဆီဘောက်ဆာကား တစ်စီးတိမ်းမှောက် ယာဉ်မောင်းသေဆုံး Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.