အကျဉ်းထောင်သို့ပို့သော ပါဆယ်ထုပ်မှ WY စာတန်းပါ စိတ်ကြွ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


မြောင်းမြ ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့  အကျဉ်းဦးစီးဌာနတွင် ယခုလ ၁၂ ရက် မွန်းလွဲပိုင်းက အကျဉ်းထောင်အတွင်းရှိ အကျဉ်း သားများထံသို့ ပြင်ပမှပေးပို့သော ပစ္စည်းများတွင် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးများဟု ယူဆရ သော ပန်းရောင်ဆေးပြားများ ရှာဖွေ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောင်းမြ-ရန်ကုန် အဝေးပြေးယာဉ်လိုင်း၊ ဧရာဝတီသားယာဉ်လိုင်းဂိတ်မှ အကျဉ်း ထောင်ဝန်ထမ်း တပ်ကြပ်ရဲနီ ယူဆောင်ခဲ့သော အကျဉ်းသားများထံ ပေးပို့သည့် ပစ္စည်း ၁၉ မျိုးပါ ပါဆယ်ပစ္စည်းများကို မြောင်းမြ အကျဉ်းထောင်မှ ထောင်တံခါး တာဝန်ကျသူ လက်ထောက် ကြီး ကြပ်ရေးမှူး(၁) ဖြိုးသက်ပိုင်က တာဝန်ကျဝန်ထမ်းများနှင့်အတူ စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးစဉ် အကျဉ်းသား ထောင်ဝင်အမှတ် အစ/ဝ၈/ဝ၇၆၆၅/က၊ ဖြိုးမောင်မောင်(ခ) ကရင်(ဘ) ဦးသိန်းမြင့်အမည်ဖြင့် အဖြူရောင် အဝတ်လျှော်ဘရပ်အတွင်းမှ အနက်ရောင်တိပ်ဖြင့်ပတ်ထားပြီး ပလတ်စတစ်အိတ်အတွင်း ထည့် ထားသည့် စိတ်ကြွဆေးပြားဟု ယူဆရသော WY စာတန်းပါလိမ္မော် ရောင်ဆေးပြား ၁၂၅ ပြား၊ အစိမ်း ရောင်ဆေးပြားတစ်ပြား စုစုပေါင်း ၁၂၆ ပြား၊ အလေးချိန် ၁၁ ဒသမ ၃၄ ဂရမ် စုစုပေါင်းတန်ဖိုး ကျပ် ၆၃ဝဝဝဝကိုတွေ့ရှိရသဖြင့် ရဲစခန်း သို့သတင်းပေးပို့ရာ တာဝန်မှူး ဒု ရဲအုပ်မောင်မောင်ရွှေနှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များက သက်သေများရှေ့ တွင် တပ်ကြပ်ရဲနီထံမှ သိမ်းဆည်းခဲ့ ပါသည်။

အဆိုပါ အမှုနှင့်ပါတ်သတ်ပြီး တပ်ကြပ်ရဲနီ(ဘ)ဦးဝင်းမောင် အကျဉ်းထောင်ဝန်ထမ်း အကျဉ်း ထောင်ဝင်း မုဆိုးကွင်းရပ်ကွက် မြောင်းမြမြို့နေသူနှင့် အကျဉ်းသား ဖြိုးမောင်မောင် (ခ)ကရင် (ဘ) ဦးမြင့်သိန်းထောင်ဝင်အမှတ် အစ/ ဝ၈/ ဝ၇၆၆၅/က၊ အကျဉ်းသား၊ မြောင်းမြအကျဉ်းထောင် (ယခင် နေရပ်လိပ်စာ-အမှတ်(၄၄/က) ဇေယျသီရိ (၁)လမ်း၊ (၁၆)ရပ် ကွက်၊ လှိုင်သာယာမြို့နယ်)တို့အား မြောင်းမြရဲစခန်းက မယ(ပ)၁/ ၂ဝ၁၇၊ မူး/စိတ်ပုဒ်မ၁၅/၁၉(က)/ ၂၁အရ အမှုဖွင့် အရေးယူထား ကြောင်း သိရသည်။

အောင်မင်း(မြောင်းမြ)
The Union Daily
https://www.facebook.com/uniondaily.net/
အကျဉ်းထောင်သို့ပို့သော ပါဆယ်ထုပ်မှ WY စာတန်းပါ စိတ်ကြွ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ  အကျဉ်းထောင်သို့ပို့သော ပါဆယ်ထုပ်မှ WY စာတန်းပါ စိတ်ကြွ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.