ကျောင်းကုန်းမြို့တွင် ယာဉ်တိုက်မှု ဖြစ်ပွားရာမှ တစ်ဦးသေဆုံး


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းကျေးရွာအုပ်စု၊ လယ်တီစုကျေးရွာအနီးမှာ စက်ဘီးနဲ့ဆိုင်ကယ်တိုက်မိရာက ဆေးရုံကို ရောက်ရှိပြီးလူတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

 ဖြစ်စဉ်ကတော့ ဇန်နဝါရီ ၁၀ ရက်၊ ည ၇ နာရီခန့်မှာ ပုသိမ်-မုံရွာကားလမ်း ၊မိုင်တိုင်အမှတ် ၂၇ အနီး ၊လယ်တီစုကျေးရွာအနီးမှာ ဒါးကကျေးရွာကနေ ဂုန်မင်းကျေးရွာဘက်ကိုသာပေါင်းမြို့နယ် နေသူကအနီရောင် ကျားစီးစက်ဘီးကို စီးနင်းလာပြီး၊လမ်းရဲ့ဝဲဘက်ခြမ်းကိုရုတ်တရက်ချိုးကွေ့စဉ် နောက်မှလားရာတူ ကျောင်းကုန်းမြို့နယ် က လူငယ်တစ်ဦး မောင်းနှင်လာတဲ့ ဟွန်ဒါ အနက်ရောင်ဆိုင်ကယ်မှာအရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်မှာ ဝင်ရောက်တိုက်မိကာစက်ဘီးနဲ့ဆိုင်ကယ်လဲကျသွားခဲ့ပါတယ်။


နှစ်ဦးစလုံးကို ကျောင်းကုန်းဆေးရုံကိုပို့ဆောင်ခဲ့ရာဆိုင်ကယ် မောင်းနှင်သူ လူငယ်မှာ ဒဏ်ရာ(မစိုးရိမ်ရ)အနည်းငယ်ရရှိသွားပြီး၊အသက်(၅၉)နှစ်အရွယ်စက်ဘီးစီးနင်းလာသူမှာဒဏ်ရာတွေနဲ့ည ၇နာရီခွဲခန့် ဆေးရုံမှာသေဆုံးခဲ့ပါတယ်။

ဆိုင်ကယ်မောင်းနှင်သူမှာ အရက်သေစာသောက်စားထားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ ယာဉ်မဆင်မခြင်မောင်းနှင်ခြင်းနဲ့လူကိုထိခိုက်သေစေသူ လူငယ်ကို ကျောင်းကုန်းမြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၁၆၊ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က နဲ့အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရပါတယ်။ဒီသတင်းကိုဝင်းကြိုင်(ကျောင်းကုန်း) ကပေးပို့တာပါ။

Central News Bureau
www.facebook.com/skynetcnb
ကျောင်းကုန်းမြို့တွင် ယာဉ်တိုက်မှု ဖြစ်ပွားရာမှ တစ်ဦးသေဆုံး ကျောင်းကုန်းမြို့တွင် ယာဉ်တိုက်မှု ဖြစ်ပွားရာမှ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 09:16 Rating: 5
Powered by Blogger.