အိုင်အက်စ်အကြမ်းဖက်ဓာတ်ပုံများ ဖုန်းတွင် သိမ်းဆည်းမှုဖြင့် အင်ဒိုနီးရှားကျောင်းသား ၈ ဦးကို မလေးရှားက ပြည်နှင်ဒဏ်ပေး

အိုင်အက်စ်အကြမ်းဖက်ဓာတ်ပုံများသိမ်းဆည်းထားသော မလေးရှားနိုင်ငံရောက် အင်ဒိုနီးရှားကျောင်းသားများကို နေရပ်တိုင်းပြည်သို့ ပြန်လည်ပို့ ဆောင်နေစဉ်(ဓာတ်ပုံ-အင်တာနက်)
    ကွာလာလမ်ပူ ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

    မလေးရှားနိုင်ငံရှိ အင်ဒိုနီးရှားကျောင်းသား ၈ ဦးအနက် တစ်ဦးတွင်အိုင်အက်စ်အကြမ်းဖက်အဖွဲ့ နှင့်ချိတ်ဆက်မှုရှိသော ဓာတ်ပုံများကို မိုလ်ဘိုင်းဖုန်းတွင် သိမ်းဆည်းထားကြောင်း တွေ့ ရှိပြီးနောက် ၄င်း အင်ဒိုနီးရှားကျောင်းသား ၈ ဦးကို မလေးရှားနိုင်ငံရဲတပ်ဖွဲ့ က ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း မလေးရှားနိုင်ငံပိုင် Bernama သတင်းဌာနက ဇန်နဝါရီလ ၁၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ရှူးဖိနပ်တစ်ခုထဲ ထည့်ထားသော လက်လုပ်ဗုံးတစ်လုံးအပါအဝင် လက်ကိုင်ဖုန်းတစ်ခုထဲတွင် အိုင်အက်စ်အကြမ်းဖက်ဓာတ်ပုံများကို သိမ်းဆည်းထားသော အင်ဒိုနီးရှားကျောင်းသားတစ်ဦး ပါဝင်သော ကျောင်းသား ၈ ဦး အဖွဲ့ ကို စင်ကာပူနယ်စပ်အနီး၌ ဖမ်းဆီးလိုက်ကြောင်း မလေးရှားနိုင်ငံ ပြည်ထောင်စုရဲတပ်ဖွဲ့ လက်အောက်ခံ တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေးတပ်ဖွဲ့ ၏ သတင်းအရင်းအမြစ်ကို ကိုးကား၍ Bernama သတင်းဌာနက ဖော်ပြခဲ့သည်။

သံသယရှိသူကျောင်းသားများအား စစ်ဆေးရာတွင် ၄င်းဓာတ်ပုံများကို မိုလ်ဘိုင်းဖုန်း၏ WhatsApp  application၏ အဖွဲ့ လိုက်ပြောဆိုမှု ( group chat) ထဲမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သံသယတရားခံများမှာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်ကတည်းက အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမာတြားကျွန်းရှိ စာသင်ကျောင်းတစ်ကျောင်း မှ မလေးရှားနိုင်ငံသို့ လာရောက်ပြီး ဆေးကုသမှုခံယူနေသော ကျောင်းသားများဖြစ်ကြောင်း သတင်းများက ဆိုသည်။ ၄င်းကျောင်းသားများသည် ထိုင်းနိုင်ငံ Pattani ခရိုင်၌ ရက် အနည်းငယ်နေထိုင်ပြီး ခရိုင်တွင်း အစ္စလမ်မစ်ပညာရေးဘုတ်အဖွဲ့ ၏ ပညာရေးစနစ်အကြောင်းကို လေ့လာဆည်းပူးခဲ့ကြောင်း သိရသည်။

၎င်းတို့ သည် မလေးရှားနိုင်ငံ ဂျိုဟိုး(Johor) နယ်စပ်ဂိတ်မှတဆင့် စင်ကာပူနိုင်ငံထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းကို တွေ့ ရှိခဲ့ခြင်း မရှိကြောင်း သိရသည်။ သံသယတရားခံကျောင်းသားများကို ဇန်နဝါရီလ ၁၁ ရက်တွင် အင်ဒိုနီးရှားနိုင်ငံသို့ သင်္ဘောဖြင့် နယ်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အိုင်အက်စ်အကြမ်းဖက်ဓာတ်ပုံများ ဖုန်းတွင် သိမ်းဆည်းမှုဖြင့် အင်ဒိုနီးရှားကျောင်းသား ၈ ဦးကို မလေးရှားက ပြည်နှင်ဒဏ်ပေး  အိုင်အက်စ်အကြမ်းဖက်ဓာတ်ပုံများ ဖုန်းတွင် သိမ်းဆည်းမှုဖြင့် အင်ဒိုနီးရှားကျောင်းသား ၈ ဦးကို မလေးရှားက ပြည်နှင်ဒဏ်ပေး Reviewed by THITHTOOLWIN on 15:44 Rating: 5
Powered by Blogger.