မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင် လူငယ်တစ်ဦးအသတ်ခံရ


ဇန်နဝါရီ ၁၂ / DMG
ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းက မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင် လူငယ်တစ်ဦးကို ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။

နန်းတော်ရာကုန်းအပေါ်ဆုံးထပ်တွင် ထိုးသွင်းဒဏ်ရာများဖြင့် ပက်လက်အနေအထားဖြင် ထိုးသွင်းဒဏ်ရာများရရှိပြီး သေဆုံးနေကြောင်း သိရသည်။

သေဆုံးသူမှာ အသက် ၂၀ အရွယ်ခန့် ရှိပြီး အရက်သောက်စားကြရာမှ စကားများပြီး အသတ်ခံရခြင်းဖြစ်နိုင်ကြောင်း သိရသည်။ သေဆုံးသူအနီးတွင် အရက်သောက်လက်စ ဘီယာ၊အရက်ပုလင်းများနှင့်အတူ ဆိုင်ကယ်တစီးလည်း တွေ့ရှိခဲ့ရကြောင်း သိရသည်။

သက်ဆိုင်ရာမှ သေဆုံးသူအားစစ်ဆေးလျက်ရှိပြီး တရားခံအမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးသီဟ(မြတ်သူထွန်း)
ဓာတ်ပုံ - Kine Murm Chun
Development Media Group
https://www.facebook.com/dmgnewsagency/
မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင် လူငယ်တစ်ဦးအသတ်ခံရ မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင် လူငယ်တစ်ဦးအသတ်ခံရ Reviewed by THITHTOOLWIN on 08:58 Rating: 5
Powered by Blogger.